အစိမ်းရောင်လမ်း
53
လွန်ခဲ့သော ၄၃ မိနစ် က · အင်္ဂပူ

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

You
343
လွန်ခဲ့သော ၁ နာရီ က · ကျိုက်လတ်

ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ

Post image
You
103
လွန်ခဲ့သော ၅ နာရီ က · ကျုံပျော်

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်

22 လွန်ခဲ့သော ၄ နာရီ က

ရတယ်လေ ရမ်းဆိုးရင် 100 gထည့်ဖြန်း

You
23
လွန်ခဲ့သော ၆ နာရီ က · ရေကြည်

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

You
3,891
လွန်ခဲ့သော ၈ နာရီ က · ပြင်ဦးလွင်

ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ

Post image
အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၇ နာရီ က

ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။

You
3,891
လွန်ခဲ့သော ၈ နာရီ က · ပြင်ဦးလွင်

ခရမ်းခင်ကအရွက်တေဒီလိုဖစ်နေလို့ပါခင်ဗျ

Post image
Post image
အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၇ နာရီ က

ဗာတီစီလီယံ ပင်ညှိုးရောဂါလို့ယူဆပါတယ်။ အဇိုဇီစထိုဘင်+ဒိုင်ဖန်နိုကိုနာဇီုးဖျန်းပါ။

84 လွန်ခဲ့သော ၈ နာရီ က

ဖြုတ် စိမ်း ကျနေတာဖြစ်မယ်။

You
4
လွန်ခဲ့သော ၉ နာရီ က · ဝေါ

ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။

You
13
လွန်ခဲ့သော ၁၂ နာရီ က · ကျောက်မဲ

ငါးစုံ

798 လွန်ခဲ့သော ၁၀ နာရီ က

အွန်လိုင်း တက်ချင်တာလားခင်ဗျာ?။ လူတွေ့ သင်တန်းမျိုး ရှမ်း/မြောက် ‌မှာ ဖွင့်စေချင်တာလား ခင်ဗျာ?

You
37
လွန်ခဲ့သော ၁၂ နာရီ က · နတ္တလင်း

ဝက်မြေ.ဝက်လာတွေ ကိုမျိုကန်းအောင်ဘယ်လိုလုပ်ရမလဲး

798 လွန်ခဲ့သော ၉ နာရီ က

ဝက်မြေစာပင်ကို ဆိုလိုတာ သိရပါပြီခင်ဗျ။ မျိုးကန်းအောင် လို့ ပြောလိုက်တာကို နည်းနည်း နားလည်မှုလွဲသွားလို့ပါ။ ဝက်မြေစာ (သို့မဟုတ်) ဝက်လာမြက် (Nut Grass / Nutsedge - Cyperus rotundus) သည် စိုက်ပျိုးရေးတွင် အလွန်တွေ့ရများပြီး နှိမ်နင်းရန် ခက်ခဲသည့် အမြဲစိမ်း ပေါင်းပင် (Perennial Weed) အမျိုးအစား ဖြစ်သည်။ ၎င်းကို ဒေသအလိုက် "ဝက်မြေစာ"၊ "ဝက်မြေ" သို့မဟုတ် "ဝက်လာ" ဟု အမျိုးမျိုး ခေါ်ဆိုကြသည်။ ၁။ ရုက္ခဗေဒဆိုင်ရာ လက္ခဏာများ * ပင်စည် (Stem): ပင်စည်သည် ပုံမှန် မြက်များကဲ့သို့ အဝိုင်းမဟုတ်ဘဲ သုံးထောင့်ပုံသဏ္ဌာန် (Triangular stem) ရှိသည်။ * အရွက် (Leaves): အစိမ်းရင့်ရောင်ရှိပြီး ပြောင်ချောကာ မြက်ရွက်နှင့် တူသော်လည်း အလယ်ဗဟိုတွင် အကြောနက်သည်။ * မြေအောက်ဥနှင့် မြစ်ဥ (Tubers & Rhizomes): မြေအောက်တွင် ဥကွန်ရက်များ (Tuber networks) ဖြင့် ပြန့်ပွားသည်။ ဤဥများသည် မြေအောက်အနက်၌ နှစ်ရှည်လများ အသက်ရှင်ကျန်ရစ်နိုင်သောကြောင့် နှိမ်နင်းရန် အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်သည်။ * အပွင့် (Flowers): ပင်စည်ထိပ်တွင် နီညိုရောင် သို့မဟုတ် ညိုဝါရောင် အပွင့်ခက်များ ပွင့်လေ့ရှိသည်။ ၂။ စိုက်ပျိုးရေးတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ (က) နှိမ်နင်းရ ခက်ခဲခြင်း: အထက်ပိုင်း ပေါင်းပင်ကို ကုတ်ဖျက် သို့မဟုတ် သတ်လိုက်သော်လည်း မြေအောက်၌ ကျန်ခဲ့သော ဥများမှ ပြန်လည် အပင်ပေါက်လာနိုင်သည်။ (ခ) သီးနှံအထွက်နှုန်း ထိခိုက်ခြင်း: သီးနှံပင်များ ရယူရမည့် ရေ၊ အာဟာရ (နိုက်ထရိုဂျင်၊ ပိုတက်စီယမ် စသည်) နှင့် နေရောင်ခြည်တို့ကို အပြင်းအထန် လုယူသည်။ (ဂ) ဓာတုဓာတ်ထုတ်လွှတ်ခြင်း (Allelopathy): ဝက်မြေ/ဝက်လာပင်၏ အမြစ်နှင့် ဥများမှ အခြားသီးနှံပင်များ ကြီးထွားမှုကို တားဆီးသည့် သဘာဝဓာတုဓာတ်များကို ထုတ်လွှတ်သည်။ ၃။ ထိရောက်သော နှိမ်နင်းရေး နည်းလမ်းများ ဝက်မြေ/ဝက်လာကို စိုက်ပျိုးမြေမှ ကင်းစင်စေရန် စနစ်ပေါင်းစုံ ပေါင်းစပ်နှိမ်နင်းခြင်း (Integrated Weed Management) ကို အသုံးပြုရပါမည်။ (က) စိုက်ပျိုးနည်းစနစ်နှင့် ရူပဗေဒနည်းလမ်းများ * မြေလှန်/နေပူလှန်းခြင်း: နွေရာသီတွင် မြေကို နက်နက်လှန်ထွန်ပေးပြီး မြေအောက်ဥများကို အထက်သို့ ဖော်ထုတ်ကာ နေပူတွင် ခြောက်သွေ့အောင် လှန်းပေးခြင်းဖြင့် ဥများ၏ အပင်ပေါက်နိုင်စွမ်းကို လျှော့ချနိုင်သည်။ * အုပ်ပေါင်းအသုံးပြုခြင်း (Mulching): ပလတ်စတစ်အမည်း (Mulch film) သို့မဟုတ် ကောက်ရိုး ထူထူအုပ်ပေးခြင်းဖြင့် နေရောင်ခြည်ကို ပိတ်ပင်ကာ အပင်ပေါက်နှုန်းကို ထိန်းချုပ်နိုင်သည်။ * အပင်မရင့်မီ စိစစ်ဖယ်ရှားခြင်း: ပေါင်းပင်များ ပွင့်ခက်မပွင့်မီနှင့် မြေအောက်ဥ အသစ်များ မအိမ်မီ မကြာခဏ အမြစ်ပါတူးဆွ ဖယ်ရှားပေးရမည်။ (ခ) ဓာတုနည်းဖြင့် နှိမ်နင်းခြင်း * Halosulfuron-methyl: ဝက်မြေ/ဝက်လာကဲ့သို့ မြက်မြှောက်အုပ်စု (Sedges) များကို ရွေးချယ်သတ်ဖြတ်သည့် စနစ်ကူးပေါင်းသတ်ဆေးဖြစ်ပြီး သီးနှံအများစုတွင် ဘေးကင်းစွာ အသုံးပြုနိုင်သည်။ * Glyphosate: စိုက်ပျိုးခြင်းမပြုမီ မြေပြင်ချိန်တွင် ပေါင်းပင် အရွက်များပေါ်သို့ စနစ်ကူးပေါင်းသတ်ဆေးအဖြစ် ပက်ဖျန်းပါက အမြစ်နှင့် မြေအောက်ဥအထိ ထိရောက်စွာ သေစေနိုင်သည်။ (သီးနှံပင်များ မရှိသည့် အချိန်၌သာ သုံးစွဲရန် လိုအပ်သည်) ၄။ ဖက်စပ် အသုံးဝင်မှုများ နှိမ်နင်းရခက်သည့် ပေါင်းပင်ဖြစ်သော်လည်း ဝက်မြေ/ဝက်လာတွင် အချို့သော အသုံးဝင်မှုများလည်း ရှိသည်- * တိုင်းရင်းဆေးဖက်ဝင်မှု: ဝက်မြေစာဥကို မြန်မာ အပါအဝင် အာယုဗ္ဗေဒ ဆေးပညာတွင် အစာကြေစေရန်၊ အဖျားကျစေရန်နှင့် ရောင်ရမ်းမှု လျှော့ချရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်။ * တိရစ္ဆာန်စာ: ဝက်များနှင့် အချို့သော မွေးမြူရေးတိရစ္ဆာန်များအတွက် သဘာဝ အစာအဖြစ် အသုံးပြုနိုင်သည်။

37 လွန်ခဲ့သော ၁၀ နာရီ က

မြက်ကိုပြေားတာ

You
42
လွန်ခဲ့သော ၁၃ နာရီ က · ဒီပဲယင်း

ကျောက်ဖရုံစိုက်ခင်းမာ အသီးအကင်းလေးတွေ ထွက်လာပီဗျ မျှားနီမျိုးစိုက်တာပါ အသီးအဟာရ အတွက် မိုးရာသီ မှိုရောဂါအတွက်ရော ဘာဆေးတွေသုံးရမလဲဗျ

အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၁၀ နာရီ က

မိားများနေရင် မန်ကိုဇက် နဲ့ ကောပါး တပတ်တခါ အလှည့်ကျဖျန်းပါ။နေပွင့်ရင် မဖျန်းပါနဲ့။

You
ဖြေလည်သော အဖြေရရှိပြီး
21
လွန်ခဲ့သော ၁၃ နာရီ က · ကျောက်ဆည်

ကျနော့်ခရမ်းခင်းရွက်ဝါနေလို့ ဘယ်လိုပြုပြင် ဆောင်ရွက်ရမလဲဆိုတာ အကြံညာဏ်ပေးကြပါအုံးခဗျာ

Post image
အတည်ပြုပြီး 315,846 လွန်ခဲ့သော ၁၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်အဝါရောင်မိုစိတ်ဗိုင်းရပ်ရောဂါ ကျနေတာပါ။ ဒီဗိုင်းရပ်ရောဂါကို နိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကျရောက်တဲ့အပင်ကို နှုတ်ပြီး မီးရှိုဖျက်ဆီးပစ်ပါ။ ဒီဗိုင်းရပ်ပိုးက ယင်ဖြူနဲ့ စုပ်စားပိုးတွေကနေ သယ်လာတာမို့ ယင်ဖြူနဲ့ စုပ်စားပိုးတွေကို နှိမ်နင်းပါ။

You
666
လွန်ခဲ့သော ၁၄ နာရီ က · မြိတ်

နမ်းဖတ်ကိုအချဉ်ဖောက်တာ ဘယ်နပတ်ထားပီးမှ သုံးလို့ရတာလဲ

အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၁၀ နာရီ က

ရာသီဥတုအခြေအနေအရ၊၃-၅ရက်ဆိုရင် ရပါတယ်

372 လွန်ခဲ့သော ၁၂ နာရီ က

နှဖက်.နွာသေးက. ရွက်ဖျန်လား မြေပြင်လောင်လား

You
16
လွန်ခဲ့သော ၁၅ နာရီ က · ပခုက္ကူ

အပင်အနေအထား အဟာရ မြေပြုပြင်မူ့ ဘာလိုပါသလဲ

Post image
အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၁၄ နာရီ က

အပင်အနေအထား၊အရောင်အသွေး ကောင်းပါတယ်။လိုအပ်မယ်ထင်တာလေးတွေ အကြံပြုရရင်၊ သားတက်ငယ်တာလေးတွေ ကျန်တာတွေ့ရတယ်။အရွက်တွေ ရှင်းလင်းပြီး အတန်းကြားထဲ၊ထယ်ဝင်နိုင်သလောက်ဝင်လိုက်ရင်၊မြေကြီးလေဝင်လေထဠက်ပိုကောင်းမယ်။အစိုဓာတ် ကြာကြာထိန်းနိုင်မယ်။

You
10
လွန်ခဲ့သော ၁၆ နာရီ က · မိတ္ထီလာ

အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ကျွန်တော်တို့ အပူပိုင်းဒေသတွေမှာ နှစ်ရှည် သီးပင် စားပင်လေးတွေ ဘာအမျိုးစား စိုက်ပျိုးသင့်ပါသလဲ ခင်ဗျာ

Post image
အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၁၄ နာရီ က

စပစြျစိုကျပါ။

You
875
လွန်ခဲ့သော ၁၆ နာရီ က · ချောက်

ထရိုင်ကိုဒါးမား.မှုိသတ်ဆေးကိုကိုယ်တိုင်ဖော်စပ့လို့ရလား...ဖော်စပ်နည်းလေးရှိရင်လဲမျှဝေပေးကြပါအုံးဗျ...ထရိုင်ကိုဒါးမားမှိုသတ်ဆေးကဘယ်လိုမှိုအမျိုးစားကိုနိမ်နင်နိင်လဲဗျ...

875 လွန်ခဲ့သော ၁၁ နာရီ က

ဟုတျကဲ့

အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၁၄ နာရီ က

ထရိုင်ကိုဒါးမားမှို က၊ မြေဆောင်မှိုရောဂါများကို ကာကွယ်နှိမ်နင်းပေးပါတယ်။အထူးသဖြင့် ဓာတာမှိာသတ်ဆေးဖြင့် နှိမ်နင်းရခက်တဲ့၊fusarium ,rhyzoptonia, sclerotia စသော ခါးရိ၊မြစ်ခြောက်ဆွေး မှိုရောဂါတွေကို နှိမ်နင်းရာမှာ အသုံးပြုနိုင်ပါတယ်။သို့သော် စနစ်တကျ ထုတ်လုပ်မွေးမြူခြင်း၊စနစ်တကျ အသုံးပြုခြင်း စတဲ့ အခြေခံနည်းစနစ်တွေကို လက်တွေ့သင်တန်းတွေ တက်ရောက်သင်ယူပြီးမှသာ အကျိုးရှိထိရောက်ပါမယ်။ထရိုင်ကိုဒါးမား မှိုကို ဇီဝမှိုသတ်ဆေး၊ဇီဝမြေသြဇာ အဖြစ်စိုက်ပျိုးရေးအသုံးပြုပုံ နှင့် အမြောက်အများ ထုတ်လုပ်ခြင်းနည်းပညာပေး သင်တန်း 2/2022

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မေးခွန်း

ဖြေလည်သော အဖြေရရှိပြီး
2
လွန်ခဲ့သော ၁ နှစ် က · ရေဖြူ

ရော်ဘာအပင် အမျိုးအစား ဘယ်နမျိုးရှိတာလဲခင်ဗျာ ဘယ်အမျိုးအစားက အစေးထွက်နှုန်းကောင်းပြီး ဘယ်လိုမြေ အမျိုးအစားမှာစိုက်သင့်သင့်သလဲဆိုတာသိချင်ပါတယ်ခင်ဗျာ

ရော်ဘာအပင် အမျိုးအစား
အတည်ပြုပြီး 1,098,795 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ယခုအချိန်တွင်ပြည်တွင်းမှ မှတ်ပုံတင်ထားသောအထွက်ကောင်းပြီးရာသီဥတုဒဏ် ရောဂါပိုးမွှားဒဏ်ခံနိုင်ပြီး ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများထွက်ရှိနေပြီးဖြစ်ပါသည်။ ပြည်တွင်းမှတ်ပုံတင်ထားသော (ရွှေဖြူ) မျိုးများ ၁။ PB – 260 ၂။ PB – 235 ၃။ GT – 114 ၄။ RRIC – 100 ၅။ RRIM – 600 ၆။ RRIM – 623 ၇။ RRIM – 717 ၈။ BPM – 24 ၉။ PR – 107 ၁၀။ PR – 255 ၁၁။ ARCPC – 2 ၁၂။ ARCPC – 6 ပြည်တွင်းမှတ်ပုံတင်ထားသော (ပုလဲ)မျိုးများစွာ 2000 series များဖြစ်ကြပါသည်။ နိုင်ငံထဲတွင်စိုက်ပျိုးထားသော မျိုးများမှာလည်းကွဲပြားခြားနားကြပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံအောက်ပိုင်း၌ အထွက်များသောရော်ဘာမျိုးများကို မြန်မာပြည်အပေါ်ပိုင်းကုန်းမြင့်ဒေသများတွင် စိုက်ပျိုးပါကအောက်ပိုင်းကမ်းရိုးတန်း ဒေသလောက် အထွက်မများနိုင်သလို အထက်ဘက်မျိုးများကိုလည်း အောက်ပိုင်း၌ စိုက်ပျိုးပါကအထွက် မကောင်းနိုင်ပေ။ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ စိုက်ပျိုးသောအထွက်ကောင်းမျိုးများကို မြန်မာနိုင်ငံအပေါ်ပိုင်းနှင့် အောက်ပိုင်းတွင်စိုက်ပျိုးပါက မြန်မာနိုင်ငံအလယ်ပိုင်းကဲ့သို့ အထွက်မကောင်းသည်ကိုတွေ့ရှိရပါမည်။ရော်ဘာစိုက်ပျိုးရာတွင် မိမိစိုက်ပျိုးမည့်မျိုးအားရွေးချယ်ရာ၌ မိမိစိုက်မည့်ခြံတည်ရှိရာနေရာဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ်ခံနိုင်သည့်မျိုးများကိုလိုက်၍ စိုက်ပျိုးသင့်သည့်အထွက်ကောင်းမျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန်သင့်ကြောင်း ရေသားဖော်ပြလိုပါသည်။ ၁။ စိုက်ပျိုးမည့်ဒေသ - ကမ်းရိုးတန်းဒေသမိုးရေချိန်လက်မ - ၁၈၀’ - ၂၀၀’စိုက်ပျိုးသင့်သည့်မျိုးများ - BPM – 24 RRIC – 100 RRIM – 717 PB – 235 PB – 260 ၂။ စိုက်ပျိုးမည့်ဒေသ - မြန်မာနိုင်ငံအလယ်ပိုင်းဒေသ(အပူပိုင်း)မိုးရေချိန်လက်မ - ၁၀၀” ကျော်ခန့်စိုက်ပျိုးသင့်သည့်မျိုးများ - PB – 260 PB – 235 RRIM – 717 RRIM – 623 GT – 1 ၃။ စိုက်ပျိုးမည့်ဒေသ - အထက်ပိုင်းကုန်းမြင့်ဒေသ (အအေးပိုင်း)မိုးရေချိန်လက်မ - ၆၀” ကျော်ခန့်စိုက်ပျိုးသင့်သည့်မျိုးများ - RRIM – 600 GT – 1 PR – 255 PR – 107 RRIM – 623 ယခုအချိန်တွင် RRIT – 251 ထိုင်းမျိုးများကို မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် များစွာစိုက်ပျိုးလျှက်ရှိကြောင်းတွေ့ရှိရပါသည်။ သို့သော်ယခုအချိန်တွင် အစေးထွက်လွန်စွာ ကောင်းမွန်သည်။

117 လွန်ခဲ့သော ၁ နှစ် က

ဒုတ္ထာအမှုန့်ဘယ်မှာ၀ယ်ရလဲဗျ

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။