အစိမ်းရောင်လမ်း
2
လွန်ခဲ့သော ၃ နာရီ က · ဟင်္သာတ

မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၃ နာရီ က

ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။

You
1,554
လွန်ခဲ့သော ၃ နာရီ က · မင်းလှ

ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၃ နာရီ က

၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။

You
191
လွန်ခဲ့သော ၇ နာရီ က · မုံရွာ

ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ‌ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့

Post image
Post image
191 လွန်ခဲ့သော ၂၁ မိနစ် က

ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ

191 လွန်ခဲ့သော ၆ နာရီ က

အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။

You
20
လွန်ခဲ့သော ၁၀ နာရီ က · နွားထိုးကြီး

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့‌ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်

262,497 လွန်ခဲ့သော ၇ နာရီ က

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၁၀ နာရီ က

စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။

You
315
လွန်ခဲ့သော ၁၂ နာရီ က · ညောင်ရွှေ

ဘာဆေးဖျန်းရမလဲဗျ

Post image
262,497 လွန်ခဲ့သော ၇ နာရီ က

ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး‌ လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၉ နာရီ က

ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။

You
48
လွန်ခဲ့သော ၁၃ နာရီ က · ပုလော

ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့

30,799 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်
အတည်ပြုပြီး 314,984 လွန်ခဲ့သော ၅ နာရီ က

၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။

You
821
လွန်ခဲ့သော ၁၆ နာရီ က · ချောက်

မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့

262,497 လွန်ခဲ့သော ၁၄ နာရီ က

မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
406
လွန်ခဲ့သော ၂၂ နာရီ က · မိတ္ထီလာ

စပါး

262,497 လွန်ခဲ့သော ၁၆ နာရီ က

Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
21
လွန်ခဲ့သော ၁ ရက် က · မြိုင်

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

262,497 လွန်ခဲ့သော ၁၆ နာရီ က

ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
1,302
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

262,497 လွန်ခဲ့သော ၁၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

1,302 လွန်ခဲ့သော ၁၄ နာရီ က

ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ

You
1,302
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

262,497 လွန်ခဲ့သော ၁၆ နာရီ က

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
3,869
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

262,497 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
You
11
လွန်ခဲ့သော ၁ ရက် က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

262,497 လွန်ခဲ့သော ၁ ရက် က
You
2,569
လွန်ခဲ့သော ၁ ရက် က · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
1,896 လွန်ခဲ့သော ၁၂ နာရီ က

ဒါတော့ ဆရာဝန်ခေါ်ပြမယ်ရမယ်ဗျ။ ထင်တာတော့ အဖျားပိုးဝင်နေတယ်ထင်တယ်။ ဦးဆုံး ဖြစ်တဲ့အကောင်တွေကို သီးခြားခွဲထုတ်ထားပါတယ်။ အံတယ် ဝမ်းပါလျောတယ်ဆိုရင် ဓာတ်ဆားရည် နွေးနွေးလေး တိုက်ပေးပါ။

You
19
လွန်ခဲ့သော ၁ ရက် က · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
262,497 လွန်ခဲ့သော ၁ ရက် က

စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မေးခွန်း

583
လွန်ခဲ့သော ၇ နှစ် က

မြေပဲ

မြေပဲမြေသြဇာကျွေးနည်း
အတည်ပြုပြီး 314,984 လွန်ခဲ့သော ၇ နှစ် က

မြေပဲကို အစာကျွေးနည်း အကျဉ်းချုပ် မြန်မာ့ စိုက်ပျိုးသူများ အနေနှင့် မြေပဲကို အောင်မြင်စွာ စိုက်ပျိုး ထုတ်လုပ်ခြင်း မပြုနိုင်ခြင်းကြောင့် မြေပဲ စျေးကြီးခြင်း၊ မြေပဲစျေး အဆမတန် မြှင့်တက်နေခြင်း ဖြစ်သည်။ အကယ်၍ အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနိုင်ပါက စိုက်ပျိုးသူများ အတွက်သာမက စားသုံးသူများ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။ မြေပဲပင်မှ အခြား သီးနှံများ၊ အခြား ဆီထွက် သီးနှံများ၊ အခြား ပဲများနှင့် ယေဘူယျ တူညီသော လက္ခဏာများ ရှိသော်လည်း ယင်း၌ ထူးခြားသော သီးသန့် လက္ခဏာများလဲ ရှိနေပါသည်။ စိုက်ပျိုးသူများ အနေနှင့် ထိုလက္ခဏာများကို သဘောပေါက်ပြီး ဖြည့်ဆည်းပေးနိုင်ပါက အကျိုးကျေးဇူးကို ကြီးမားစွာ ခံစား ရရှိုနိင်ပါသည်။ မြေပဲပင် အထွက်နှုန်း အကောင်းဆုံး ရရှိရန် စိုက်ပျိုးမြေကို ပြုပြင်ရန် လိုအပ်သည်။ စိုက်ပျိုးမြေသည် သက်ဝင် လှုပ်ရှားသည့် သက်ရှိမြေ ဖြစ်ရန် မြေဆီလွှာ အတွင်း သြဂဲနစ် ပစ္စည်းများ အလုံအလောက် ရှိရန် လိုအပ်သည်။ သြဂဲနစ် ပစ္စည်း ဆိုသည်မှာ သက်ရှိများ ဖြစ်သော အပင်နှင့် တိရစ္ဆာန်တို့၏ အညစ်အကြေးနှင့် ရုပ်ကြွင်းတို့ ဖြစ်သည်။ ထိုပစ္စည်းများကို တတ်နိုင်လျှင် တိုက်ရိုက် အသုံးပြုခြင်းထက် သစ်ဆွေးမြေ ပြုလုပ်ပြီးမှ အသုံးပြုသင့်သည်။ ထိုသစ်ဆွေးမြေမှာ စိုက်ပျိုးမြေ၏ အသက် ဖြစ်သည်။ အကယ်၍ မြေဆီလွှာ တစ်ခုသည် သြဂဲနစ် ပစ္စည်းများ ရှိနေမှသာ သက်ရှိများ ဖြစ်သော မှို၊ ဘက်တီးရီးယား၊ ရေညှိ၊ အင်းဆက်ပိုးများ၊ တီကောင်များ အသက်ရှင် နေနိုင်မည် ဖြစ်သည်။ ထိုသက်ရှိများ ရှင်သန်နိုင်ရေးမှာ မြေဆီလွှာအတွင်း သြဂဲနစ် ပစ္စည်းများ မရှိမဖြစ် ရှိနေရန် လိုအပ်သည်။ ပမာဏများစွာ လိုအပ်သည်။ တစ်ဧက စိုက်ခင်းအတွက် သစ်ဆွေးမြေ ပိဿချိန် ထောင် ချီ၍ လိုအပ်သည်။ သစ်ဆွေးမြေ နေရာတွင် မည်သည့် ဓာတ်မြေသြဇာနှင့်မျှ အစားထိုး မရနိုင်သည်ကို ခိုင်ခိုင်မာမာ ယုံကြည်ထားရန် လိုအပ်သည်။ သစ်ဆွေးမြေသည် စိုက်ပျိုးမြေ၏ ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်း ဂုဏ်အဂါင်္ အားလုံးကို ကောင်းမွန်စေသည်။ သစ်ဆွေးမြေများ ရှိခြင်းကြောင့် အသုံးပြုသော ဓာတ်မြေသြဇာများ လေလွင့်ခြင်းမှ ကာကွယ်ပြီး ထိုဓာတ်မြေသြဇာများ၏ အာနိသင်ကို ပိုမို ထိရောက်မှု ရှိစေသည်။ မြေပဲ စိုက်ပျိုးရာတွင် သစ်ဆွေးမြေကို အဓိက မြေသြဇာအဖြစ် အသုံးပြုပြီး ဓာတ်မြေသြဇာများ၊ အရွက်ဖြန်းမြေသြဇာများ နှင့် ဇီဝမြေသြဇာများကိုလည်း ပူးတွဲ အသုံးပြုနိုင်ပါက အကောင်းဆုံး ရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။ ဓာတ်မြေသြဇာများကို အသုံးပြုရာတွင် ဝယ်ယူပြီး မြေသို့ ထည့်ပေးရုံဖြင့် တာဝန် ကျေပြီဟု မမှတ်ယူသင့်ပေ။ မြေပဲပင်၏ ကြီးထွားမှု အလိုက် မြေသြဇာ အမျိုးအစားနှင့် အသုံးပြုသော မြေသြဇာ ပမာဏ မှန်ကန်ရန် အရေးကြီးသည်။ ကြီးထွားမှု အဆင့်(၁)။ ဤအဆင့်မှာ မြေပဲစေ့ အညှောင့်ပေါက်ချိန်မှ ပင်ပိုင်း ကြီးထွားမှု တန့်လာပြီး၊ ပန်းဖူးများ စတင် ဖြစ်ပေါ်ချိန်အထိ ဖြစ်သည်။ ယနေ့ စျေးကွက်တွင် မြင်တွေ့နေရသော ယူရီးယား၊ တီစူပါ၊ ပိုတက် မြေသြဇာများအပြင် ကွန်ပေါင်း မြေသြဇာများကိုလည်း မြေခံအဖြစ် အသုံးပြုနိုင်သည်။ ယူရီးယားကို တစ်ဧက ပေါင် ၅၀(၁၄ပိဿ) မှ ပေါင် ၇၀(၂၀ပိဿ)ထိ အသုံးပြုနိုင်သည်။ တီစူပါကိုလည်း တစ်ဧကအတွက် ပေါင်၃၀ (၉ပိဿ)ခန့် အသုံးပြုနိုင်သည်။ ပိုတက်မြေသြဇာကိုက တစ်ဧကလျှင် ပေါင် ၆၀ (၁၇ပိဿ)ခန့် အသုံးပြုနိုင်သည်။ အကယ်၍ ကွန်ပေါင်း မြေသြဇာကို မြေခံ အသုံးပြုမည် ဆိုပါက ၁၅:၁၅:၁၅ (၁၅ ပတ်လည်) မြေသြဇာကို တစ်ဧက ပေါင် ၁၁၀ ( ၃၁ ပိဿ) အသုံးပြုနိုင်သည်။ မြေပဲစေ့များ အညှောင့်ပေါက်ပြီး အစေ့အတွင်း ပါလာသော အစာများ မကုန်မီနှင့် မြေမှ အစာများ လုံလောက်စွာ မရရှိနိုင်သေးချိန် ကာလတိုတွင်း စိုက်ပျိုးသူ အနေနှင့် အလေးထား ကျွေးရန် လိုအပ်သော မြေသြဇာကိုကား အစပျိုး မြေသြဇာ(starter fertilizer) ဟု ခေါ်သည်။ ဤမြေသြဇာကို အဓိကအားဖြင့် အာနိသင်ပြမြန်သော အရွက်ဖျန်း မြေသြဇာအဖြစ် အသုံးများသည်။ နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ်(စ်) (P) နှင့် ပိုတက် (K) အားလုံး ပါဝင်သော်လည်း အဓိကမှာ ရေပျော် ဖော့စဖောရပ်(စ်) သို့ ဖော့စဖိတ် ဖြစ်သည်။ ရေမပျော်သော အပင်များ လွယ်ကူစွာ စုပ်ယူ မစားနိုင်သော ဖော့စဖိတ် မြေသြဇာမျိုးကို ရှောင်ပြီး ရေပျော်ပြီး ချက်ချင်း စားသုံးနိုင်သော ဖော့ဖဖိတ်များကို အလေးထား အသုံးပြုရန် လိုအပ်သည်။ ကြီးထွားမှု အဆင့်(၂)။ ဤအပိုင်းမှာ ပင်ပိုင်းကြီးထွားမှု တန့်ပြီး၊ လိင်ပိုင်း ကြီးထွားမှု အတွက် သန္ဓေတည်ချိန် ဖြစ်သည်။ အဖူးချိန်မှ ပန်းပွင့်ပြီး ဝတ်မှုံကူး သန္ဓေအောင်သည့်အထိ ဖြစ်သည်။ ဤအဆင့်တွင် အလေးထား ကျွေးရမည့် မြေသြဇာများတွင် အင်ပီကေ (NPK) အားလုံး ပါဝင်သော်လည်း အဓိကမှာ ဖော့စဖိတ် ဖြစ်သည်။ ယောကျ်ားလေးများ၊ မိန်းခလေးများ အပျိုဖော်ဝင်စချိန်တွင် အသံ၊ ကိုယ်ခန္ဓာနှင့် စိတ်ထားများ ပြောင်းလဲ သကဲ့သို့ အပင်များလည်း လိင်သန္ဓေတည်စမှ စ၍ ပြောင်းလဲမှုများ ရှိသည်။ ထိုပြောင်းလဲလာသော အခြေအနေနှင့် ကိုက်ညီသော မြေသြဇာ အမျိုးအစားနှင့် ပမာဏကို သတိထား ကျွေးရန် လိုအပ်သည်။ ဤအခြေအနေမျိုးကို ပန်းပွင့် လှံုဆော်သော (Bloom Booster Fertilizer)ဟု ခေါ်သည်။ အာနိသင်ပြမြန်သော အရွက်ဖျန်း မြေသြဇာများကို အနည်းဆုံး (၂) ကြိမ် (၃)ကြိမ် ပက်ဖျန်းရန် လိုအပ်သည်။ ကြီးထွားမှု အဆင့်(၃)။ ဤအဆင့်မှာ သန္ဓေအောင်ပြီး အစေ့များ စတင် ဖြစ်ပေါ်ချိန်မှ ရိတ်သိမ်း ခါနီး အချိန်ထိ ဖြစ်သည်။ အရွက်မှ ချက်လုပ်သော အစာများ၊ အစေ့များ ဆီသို့ ရွှေ့ပြောင်း သိုလှောင်သော အဆင့် ဖြစ်သည်။ ဤအဆင့်ကို အစာဖြည့်ကာလ (fill period)ဟုလည်း ခေါ်သည်။ အစာပြုလုပ်သော အရွက်များကို source ဟုခေါ်ပြီး အစာသိုလှောင်သော အစေ့ကိုကား (sink) ဟုခေါ်သည်။ ဤနေရာတွင် အရွက်နှင့် အစေ့အကြား ဆက်နွယ်မှု မှန်ကန်ရန် လိုအပ်သည်။ အရွက်မှ အစာများ အစေ့များဆီသို့ ရွှေ့ပြောင်းရာတွင် ပိုတက်စီယမ် (K)များ အရေးကြီးဆုံး ဖြစ်သည်။ ရေပျော်လွယ်ပြီး အရွက်ဖြန်း မြေသြဇာအဖြစ် အသုံးပြုနိုင်သော ပိုတက် ဓာတ်မြေသြဇာမှာ ပိုတက်စီယမ် နိုက်ထရိတ် (၁၃:၀:၄၆) ဖြစ်သည်။ ပိုတက်စီယမ် မြေသြဇာ တမျိုးဖြစ်သော မြူးရီးယိတ်အော့ ပိုတက် KCL( ၀:၀:၆၂) ကို အသုံးမပြုသင့်ပေ။ ဤမြေသြဇာတွင် ပါလာသော ကလိုရင်းမှာ မြေပဲပင်အား အဆိပ်သင့်နိုင်သော အတိုင်းအတာ အထိ များနေခြင်းကြောင့် ဖြစ်သည်။ နိုးဆွပစ္စည်းများ။​မြန်မာ့ စိုက်ပျိုးရေး စျေးကွက်တွင် လစ်တိုဇင်၊ အက်တောနစ် ပစ္စည်း စသည့် နှိုးဆွ ပစ္စည်းများ ရှိနေသည်။ ၎င်းတို့ကို အသုံးပြုခြင်းဖြင့် သီးနှံ အရည်အသွေးနှင့် အထွက်နှုန်းကို တိုးစေသည်။ ယခု ကာလ ကြုံတွေ့နေရသော ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကိုလည်း သက်သာစေနိုင်မည် ဖြစ်သည်။ ဟော်မုန်းများ။မြေပဲ အထွက်တိုးရန် ဂျစ်ဘရယ်လစ် ဟော်မုန်းကို အသုံးပြုနိုင်သည်။ အပင်၏ သက်တမ်းတွင် ဒုတိယ အဆင့်ဖြစ်သော လိင်ပိုင်း စတင် ကြီးထွားသည့် ကာလတွင် အသုံးပြုနိုင်သည်။ ဖိစီးဟော်မုန်းတစ်မျိုး အဖြစ် ပေါ်ပေါက်လာသော ဘရာစီနိုလိုက် (Brassinoldie) ဟော်မုန်းမှာလည်း အထူး ကောင်းမွန်သော ဟော်မုန်း ဖြစ်သည်။ သစ်စိမ်းစစ်ရည်(Vegetal Extract)။ ယနေ့ ကမ္ဘာ့ စိုက်ပျိုးရေးတွင် ဓာတု ပစ္စည်းများကို အလေးထား အသုံးပြုနေရသော်လည်း ဇီဝ ပစ္စည်းများဆီသို့ ဦးတည် ရွှေ့လျားနေသည်။ အဆင့်မြင့် ဇီဝ ပစ္စည်းများကို မြန်မာ့ စိုက်ပျိုးသူများ အနေနှင့် လက်လှမ်းမမီနိုင်သော်လည်း ရုက္ခသယံဇာတ ကြွယ်ဝသော မြန်မာပြည်တွင် အပင် အမျိုးမျိုးမှ သစ်စိမ်းစစ်ရည်များ ပြုလုပ် အသုံးပြုနိုင်သည်။ အထူးသဖြင့် ဗီးစပ် သစ်စိမ်းစစ်ရည်၊ ကုက္ကိုလ်သီးမှည့် စစ်ရည်များကို အသုံးပြုလျက် ရှိသည်။ ဤစစ်ရည်များတွင် သဘာဝ အမ်ပီကေ (NPK) များသာမက အခြား အာဟာရဓာတ်အားလုံး ပါဝင်သည်။ အပင်များကို အာဟာရ ထောက်ပံ့ရုံမက ပိုးမွှား ရောဂါ ကာကွယ်ရန် အတွက်ပါ အလွန် ကောင်းသည်။ မြေပဲနှင့် ကယ်စီယမ်။ မြေပဲပင်၏ အာဟာရ စားသုံးမှုတွင် အခြားးသော သီးနှံများနှင့်တူသော အချက်များ ရှိသကဲ့သို့ ထူးခြားသော လက္ခဏာ တစ်ရပ်လည်း ရှိနေပါသည်။ ယင်းမှာ မြေပဲပင်များ၌ ကယ်စီယမ် ခေါ် ထုံး ဓာတ် စားသုံးမှုမှာ အခြား အပင်များထက် ပိုများ နေခြင်း ဖြစ်သည်။ ကမ္ဘာ့စိုက်ပျိုးရေးတွင် ထုံးကို အထူးသဖြင့် မြေချဉ်များ၏ အချဉ်ဓာတ် လျော့ချရန် အသုံးပြုသည်။ ထုံး ဆိုရာ၌ စိုက်ပျိုးရေး လောကတွင် အသုံးပြုသော ထုံးမှာ စျေးသက်သာသော ထုံးကျောက်(CaCO3) ဖြစ်သည်။ ထုံးကျောက်ကို အမှုန့် ပြုလုပ်ပြီး စိုက်ပျိုးမြေတွင် ထည့်ပေးခြင်း ဖြစ်သည်။ မြန်မာ့ စိုက်ပျိုးရေး စျေးကွက်တွင် ထိုထုံးများ ရှာမရသောအခါ အချို့က စျေးကြီးသော ထုံးများဖြင့် အစားထိုး အသုံးပြုကြသည်။ တိုက်တာ အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုသော ထုံးမှာ မဖောက်ထုံး (CaO) ဖြစ်သည်။ နောက်ဆုံး တစ်မျိုးကား ကွမ်းစားထုံး အဖြစ် အသုံးများသော Ca (OH)2 ဖြစ်သည်။ ထိုထုံးများမှာ မြေပဲပင် အာဟာရ စားသုံးရန် အတွက် အသုံးပြုမှုနည်းပြီး မြေချဉ်များကို အချဉ်ဓာတ် လျော့စေရန်သာ အသုံးပြု သင့်သည်။ သဘာဝအတိုင်း အချဉ်ဓာတ် မရှိသော မြေငံမျိုးတွင်ကား လုံးဝ အသုံးမပြုသင့်ပေ။ ဂျစ်ပဆန်(CaSO4)။ ဤထုံးမျိုးမှာ မြေပဲ ကဲ့သို့ ကယ်စီယမ် လိုအပ်သော အပင်မျိုးအတွက် အသုံးပြုကြသည်။ မြန်မာ့ စိုက်ပျိုးသူများ မြေပဲ စိုက်ပျိုးရေး၌ အသုံးပြုရန် ကြေငြာများ ရှိလေသည်။ ရေပျော် ကယ်စီယမ်များ။ မြေပဲပင်သည် ကယ်စီယမ် အမြောက်အမြား စားသုံးသည်။ ရိတ်သိမ်းချိန်တွင် အပင်က စားသုံးထားသော ကယ်စီယမ် ၂၀ ရာခိုင်နှုန်းကို အစေ့တွင်းတွင် တွေ့ရှိရသည်။ အစေ့ဖြစ်ပေါ်ချိန်တွင် အရွက်မှ ကယ်စီယမ်များ မြေမှ စုပ်ယူရာ၊ အမြစ်မှ ကယ်စီယမ်များ အစေ့တွင်းသို့ ရောက်ရှိလာသည်။ တတိယ လမ်းကြောင်းမှာကား မြေဆီလွှာအတွင်းမှ ကယ်စီယမ်များ သီးခွံ့ကို ဖြတ်ပြီး အစေ့တွင်းသို့ တိုက်ရိုက် ရောက်ရှိခြင်းပင် ဖြစ်သည်။ အစေ့ ဖြစ်ပေါ်သော ရက်ကာလတိုတွင်း ကယ်စီယမ်များ အရှိန်အဟုန်ဖြင့် အစေ့တွင်းသို့ ရောက်ရှိရန်မှာ အာနိသင်ပြ မြန်သော ကယ်စီယမ်များကို ရွက်ဖြန်း မြေသြဇာ အဖြစ် အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်သည်။ ရေပျော် ကယ်စီယမ် မြေသြဇာများ ကယ်စီယမ် နိိုက်ထရိတ် Calcium Nitrate (CaNO3) ဖြစ်သည်။ သတိပြုရန် အချက်များ။ အရွက်ဖျန်း မြေသြဇာများ အသုံးပြုလျှင် ဆေးရည်၏ ပြင်းအားကို ယေဘူယျအားဖြင့် ၀.၅ ရာနှုန်း သုံးလေ့ ရှိသည်။ ရေတစ်လီတာတွင် မြေသြဇာ ၅.၈ ဂရမ် (ငါးပဲသား) အသုံးပြုခြင်း ဖြစ်သည်။ ရေဂါလန် ၅၀ တွင် ဓာတ်မြေသြဇာ တစ်ကီလို အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။ အခြား လိုအပ်ချက်များ ရှိပါက ဆက်လက် လေ့လာရန် လိုအပ်သည်။ ထုံးမှာ ရေမပျော်သည့်အခါ မြေထဲတွင် ကြာရှည်စွာ ရှိနေနိုင်သော်လည်း ရေပျော်ပြီး သောအခါ လျင်မြန်စွာ ပျောက်ဆုံး လွယ်သည်။ ထို့ကြောင့် ရေပျော် ထုံးများကို အသုံးပြုရခြင်း ဖြစ်သည်။ အောင်မြင်သော မြေပဲ စိုက်ပျိုးရေးကို လုပ်ဆောင်နိုင်ရန်မှာ မြေပဲပင်များ၏ အာဟာရ စားသုံးခြင်း၊ ပိုးမွှား ရောဂါ ကာကွယ်ခြင်း အပြင်၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော ပံ့ပိုးမှု ပြုလုပ်ပေးရန် လိုအပ်သည်။ ဤကဲ့သို့ လုပ်ဆောင်နိင်ရန်မှာ ပညာရေး လောကတွင် နာမည် ပျက်နေသော ဒါကျက်၊ ဒါဖြေ အဖြစ်မျိုးကို ရှောင်ပြီး ကျယ်ပြန့်သော လေ့လာမှုကို ပြုလုပ်ရန် လိုပါလိမ့်မည်။ ဦးဖရက်သိန်းဖေ

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။