အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။
နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။
မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ
ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။
ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ
၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။
ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့
ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ
အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။
စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။
ဘာဆေးဖျန်းရမလဲဗျ
ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။
ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။
ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့
ဥစားကြက်မွေးမြူသူများ သိထားသင့်သည့်အချက်များနှင့် ဥစားကြက်အစာစပ်နည်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်။
၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။
မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့
မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး
Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။
ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ
စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲနဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်း
hydroponic စိုက်ပျိုးရေးအတွက် စတင်ခြင်းမှ ဈေးကွက်တင်ပို့ရောင်းချတဲ့အထိ စိုက်ပျိုးနည်း ဈေးကွက်ရရှိမှုအခြေအနေ အဆိုးအကောင်းအကျိုးအကြောင်းတွေကိုသိချင်လို့ပါဗျ စာတွေ့လက်တွေ့လေ့လာနိုင်မယ့်သင်တန်းလေများရှိရင်လည် ညွန့်ပေးပါအုံးခမျာ့
၀၉၇၉၉၃၇၄၄၁၄ ကိုစိုးမိုး
သင်တန်း တက်မှ ပြည့်ပြည့်စုံစုံသိရမှာပါ။ သင်တန်းကတော့ လောလောဆယ် မသိသေးဘူးဗျ။ လက်တွေ့လုပ်နေသူနဲ့တိုက်ရိုက်ဆွေးနွေးကြည့်ပါ။ဖုန်းနံပတ်ပေးလိုက်မယ်။ Hydroponic and drip irrigation system _ မြေမဲ့အစက်ချ နည်း ရေနည်းနည်းနဲ့ water cycle လည်ပြီးသုံးရတဲ့နည်း တမံတလင်းခင်းထားလို့ဘဲဖြစ်ဖြစ် ။ဖွတ်ချေးမြေတွေ၊ကျောက်စရစ်တွေခံနေလို့ဘဲဖြစ်ဖြစ် မြေမှာချစိုက်မရ တဲ့ဒေသ မှလူတွေ အကြိုက်တွေ့စေတဲ့ မြေမဲ့အစက်ချနည်းနဲ့ ဆောက်ထားပုံလေး မှတ်တမ်း ____ အလျား ၁၀ပေခွဲ အနံ ၇ပေ လျောစောက် ၁ပေစင်ဆောက်လိုက်ပါတယ်။ ရေသန့်ဘူး ၉လုံးဆက် ၁၄တန်း ပါ။အလယ်မှာလူဝင်ဘို့ချန်ပါတယ်။ ရေသန့်ဘူးခွန်ကိုဖောက်ပြီး တဘူးရဲ့ဖင်ပေါက်ထဲကို တဘူးရဲ့ခေါင်းသွတ်ပြီး ဆက်ပါတယ်။ ဆက်ပြီးရင် ဝမ်းဗိုက်ကိုအပေါက်ဖောက်ပါတယ်။ရေသန့်ဘူးတလုံးရဲ့ဝမ်းဗိုက်တခုကို အပေါက်၂ပေါက်နှုန်းဖောက်ပါတယ်။ ဘူးချင်းလည်းဆက်ပီး ဝမ်းဗိုက်ထဲ စပါးခွံဖွဲပြာ ရေဆေးထည့်လိုက်ပါတယ်။ သဲတွေ၊ အမှုန့်တွေပါရင် ရေပေါက်မပိတ်အောင်ဆေးလိုက်တာပါ။ ပီးရင် ဝါးခြမ်းတန်းပေါ်တင်ပီး ကပ်ချည်ထားပါတယ်။ ကော်ပုံးဖောက် ပီး အဖိုရစ်အမရစ်နဲ့ပြန်ပိတ် ။ရေဘဲတပ်။ပိုက်လျာထားစင်။ ဘူးတန်းလေးတွေနဲ့ ချိန်ပြီး အပေါက်ဖောက်ဖို့အမှတ် မှတ်လိုက်ပါတယ်။ မှတ်ပြီးရင် ပိုက်ကိုမြေပြင်ပေါ်ပြန်ချပီး ဆီပိုက်နဲ့ ဆံ့မယ့်အပေါက်ဖောက်လိုက်ပါတယ်။ အပေါက်ဖောက်ပြီး ရေဘဲဆီပြန်တပ်ပါတယ်။ ကော်ပိုက်အပြာပေါ်ရှိ အပေါက်ထဲကို ဆီပိုက်သွင်းလိုက်ပါတယ်။ ကော်ပိုက်ထဲကရေ ကို ရေသန့်ဘူးပေါက်ဆီ သွား သာအောင်ချိန် ဆတိုင်းတာဖြတ်ပါတယ်။ ဆီပိုက်ကို ကော်ပိုက်ပြာထဲ ရေသွားသာရုံ မကျွတ်ရုံအနေထားတပ်ပီးရင် ကော်ကပ်လိုက်ပါတယ်။ ကော်ပိုက် ပြာ အဆုံးတဘက်ကို အစွပ်ပိတ်ပေးလိုက်ပါတယ်။ ကော်ပုံးထဲကရေက ဆီပိုက်ကတဆင့် ရေသန့်ဘူးလေးတွေဆီတဆင့်ချင်းရောက်သွားမှာပါ။ ရေသန့် ဘူး ထဲက တဆင့်ချင်းကျလာရေ တွေကို အနိမ့်ဘက်က တဆင့်ပြန်ခံထားပါတယ်။ အနိမ့်ဘက်ကကော်ပုံးထဲကရေ ကို အမြင့်စင်က ကော်ပုံးထဲ တဆင့် လူက ပြန်လောင်းထည့်ပေးလိုက်တော့ တနေ့မှ ရေ ၁ပုံးလောက်နဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်စားရမယ် ။ ပျိုးဗန်းလေးနဲ့ အပင်ပျိုးပြီး အပေါက်၁ပေါက်ကို ၁ပင်နှုန်းရွှေ့စိုက် ရပါတယ်။ ဘူးပေါက်ထဲတိုက်ရို်စိုက်လည်းရပါတယ်။ ရေရှားလို့ စိုက်မရမှာ မပူနဲ့နော်။ မြေခံညံ့လို့ အပင်မဖြစ်မှာလည်းပူစရာလိုဘူးနော်။ တအိမ်ဝိုင်းလုံး တမံတလင်းအပြည့်ခင်းထားလို့ စိမ်းစိမ်းစိုစိုသစ်ပင်ကြည့်စရာမရှိဘူးလို့လည်းမပူနဲ့နော် hydroponic နည်းနဲ့စိုက်လို့ရ။ တိုက်လှလှလေးနဲ့ဒန်းစင်လေးနဲ့ ဘူးလေးတွေတွဲလဲဆွဲပြီး အလှပန်းလေးတွေစိုက်ရင်လည်း hydroponic (မြေမဲ့အစက်ချနည်း) လေးနဲ့ ဆန်းသစ်လိုက်ရင် ok ပေါ့ ရေကိုနေ့စဥ် မနက်၆ နာရီမှ ညနေ၆နာရီထိလွှတ်ပေးရမှာပါ။ အာဟာရဖျော်ရည်က ၁ပါတ်ကို ၁ကြိမ် ထည့်ပေးရပါတယ်။ အာဟာရ ရည်အဖြစ်နဲ့ကတော့ ရုံးက တီကန်ထဲက တီကျစ်စာရည်တို့ ၊ ငါးအမိုင်နိုအက်ဆစ်တွေ ။EM တွေ သုံးမှာပါ။ အဲဒါတွေကလက်ဖြစ်တွေဆိုတော့ အလျှံအပယ်ပေါနေလို့ပါ။ တကယ်လို့ မရှိခဲ့ရင် ၁၅ ပတ်လည်ကို ၁ကြိမ် ၄ကျပ်သားနှုန်း ထည့်လို့လည်းရပါတယ်။ ပိုးကျရင် ဓါတုပိုးသတ်ဆေး မသုံးပါဘူး။ ဟင်စားသီးနှံက organic နည်းနဲ့စိုက်မှ ကျန်းမာရေး ပိုစိတ်ချရလို့ပါ။ အာဟာရဖွံ့ဖြိုးဖို့ စိုက်ပျိုးရေး လုပ်ပေးတဲ့ HelenKeller ,Myothit ရုံးရဲ့ Demonstration ခြံလေးဆိုတော့ သဘာဝ လည်းဟုတ် ကိုယ်တိုင်လုပ် လက်ဖြစ် EM5တွေ၊ EMFPE(သဘာဝပိုးရှောင်ကွင်းဆေး) တွေသုံးမှာပါ။ အာဟာရရည် ဖျော်စပ်ပုံ နိုက်ထရိုဖော်စကာ ၁၅ ပတ်လည်ကို ၉ဗူတန်း၁၄တန်းစာ ၁ခြံစာအတွက် ရေ ၇၅လီတာ နှင့် ၁၅ ပတ်လည် ၄ကျပ်သားဖျော် ပါ။ အဲဒါ၁ပါတ်စာလုံးလောက်သည်။ ၁ပါတ်မှ၁ကြိမ်။ ၁ကြိမ် ကို ၄ကျပ်သားနှုန်းထည့်ရသည်။ စပါးခွံမီးသွေးဖုတ်ပုံ အုတ်ခဲ ၃လုံးဆိုင်ပါ။မီးမွှေးပါ။ (သံပုံးအုပ်ရင်မငြိမ်းမဲ့ပမာဏရှိရပါမယ်။ )။ မီးကောင်းကောင်းစွဲရင် အပေါက်ပါတဲ့သံပုံးအုပ်ပါ။ ဘေးက စပါးခွံ ပတ်ပုံပေးပါ။ ခေါင်းတိုင်က မီးခိုးအတော်လိုက်လာရင် တခုခု နဲ့ မလုံ့တလုံပိတ်လို်ပါ။ (တကယ်လို့ဝါးလုံးတပ်ရင် ဝါးရှလကာရည်ကော၊ဖွဲပြာပါရပါတယ်။ ဝါးမတပ်ရင် ဖွဲပြာတမျိုးတည်းရမှာပါ။) တဖြည်းဖြည်း မည်းလိုက်လာပါတယ်။ စပါးခွံရောင် ပါးပါးကျန်ပြီး အကုန် မည်းလောက်ပြီထင်ရင်ဂေါ်၊ပေါက်ပြား နဲ့ဆွဲဖယ်ပါ။ အောက်က အလွှာကမည်းနေပြီ။အပေါ်က စပါးခွံရောင်ရှိနေသေးရင်တောင် မွှေလိုက်ရင် အပူရှိန်နဲ့အကုန်မည်းသွားပါတယ်။ (တအားကျွမ်းပြီးအမှုန့်ဘ်ရောက်ရင်ရေပေါက်ပိတ်တတ်လို့ မည်းရုံလေးဖုတ်ရ) ။ ဆွဲဖယ်ပြီးရင် ရေနဲ့ငြိမ်း လိုက်ပါတယ်။ တငွေ့ငွေ့နဲ့ တော်တော်နဲ့ မသေနိုင်လို့ သေချာ မီးသေအောင်ငြိမ်းလိုက်ပါတယ်။ ရေနဲ့ငြိမ်းရင် ဆုံးရှုံးနိုင်တဲ့ဓါတ်ပမာဏ က သိပ်မပြောပလောက်ပါဘူး။ သူ့ဘာသာသူ အအေးခံငြိမ်းနေရင်မီးဘေးစိုးရိမ်လို့ ရေနဲ့ဘဲ ငြိမ်းလို်ပါတယ်။ စပါးခွံအစိမ်းမသုံးဘဲ မီးဖုတ်ရတာကတော့ စပါးခွံမှ ဘက်တီးရီးယားတွေ၊မှိုရောဂါ အပင်ကို မကူးစက်အောင်လို့ရယ်၊ အချဥ် မပေါက်အောင်ရယ်၊ စပါးခွံကပါတဲ့စပါးစေ့ မပေါက်နိုင်အောင်လို့ပါ။ စပါးခွံက အစိမ်းလည်း မဟညတ်ရ ပြာအမှုန့်ဖြစ်အောင်လည်းမလုပ်ရ ကိုင်လိုက်ရင်ကြမ်းရှရှနဲ့မည်းရုံဆိုရပါပြီ။ hydroponic and drip irrigation system တွက်၉ဘူးတန်း၁၄တန်းစာဆောက်ရန် ____ မျောတိုင် ၈လုံး (ခြံအမာခံတိုင်ဆောက်ရန်) ဝါး၂စလုံး ( ဘူးတန်းတင် ဖို့ ဝါးလုံး၁လုံး၂ခြမ်းခွဲ) ရေပုံး ၂ ပုံး ( water cycle လည်ဖို့ သုံးရန်) PVC ပိုက် 10 ပေ _ ၄လုံး ( ရေသွယ်ဖို့နဲ့ ရေစုဖို့) ဆီပိုက် (၈မီလီမီတာ) _ ၄၀ပေ ( ရေချ နှင့် ရေပြန်စူရန်) ၁လက်မ ပိုက်ပိတ် _ ၂ခု PVC ပိုက်အထိန်းကွင်း _ ၆ခု အဖိုရစ် - ၁ခု အမရစ်- ၁ခု ဖွင်ပိတ်ရေဘား_ ၁ခု ၁လက်မ ပိုက်ဆက်(ဒဲ့) _ ၂ခု အစက်ချခေါင်း _ ၁၄ ခု ( ရေ တစက်ချင်းကျဖို့) ၃လက်မသံ _ ၂၀ ကျပ်သား ၂လက်မသံ _ ၃၀ ကျပ်သား ၄လက်မသံ _ ၂၀ ကျပ်သား သံနန်းကြိုး (16ဂိတ် ) _ ၂၀ ကျပ်သား သံနန်းကြိုး ( ၁၈ ဂိတ်) _ ၇၅ ကျပ်သား ဆင်ကော် _2 ဗူး
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။