အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။
နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။
မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ
ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။
ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ
၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။
ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့
ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ
အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။
hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။
စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။
ဘာဆေးဖျန်းရမလဲဗျ
ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။
ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။
ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့
ဥစားကြက်မွေးမြူသူများ သိထားသင့်သည့်အချက်များနှင့် ဥစားကြက်အစာစပ်နည်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်။
၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။
မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့
မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး
Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။
ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ
ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။
စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ
စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲနဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ
မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
မေးခွန်း
ဆရာတို့ဘော်ဒိုမစ်ချာဆေးကိုဆေးဖျန်းပုံးတစ်ပုံးကိုဘယ်လောက်ထည့်ရမလဲသိပါရစေ
ဟုတ်ကဲ့ကျေးဇူးပါဆရာ
အချိုးအစားအတိုင်း ဖျော်ပြီးရင် ရေထပ်ရောစရာမလိုပါ တိုက်ရိုက်ဖျန်းရပါတယ်။
မင်္ဂလာပါ ဘော်ဒိုမစ်ချာ (Bordeaux Mixture) ရှင်းတန်း စပျစ်ဝါသနာရှင်များ နာလည်ရခက်ခဲနေသည့် ဘော်ဒိုမစ်ချာ ဆေးရည် အချိုးအစားကို သဘာဝကျကျဆွေးနွေးတင်ပြချင်ပါတယ်။ စာပေမှာလာသည့် ဘော်ဒိုမစ်ချာဆေးရည်အချိုးအစားတွေကို စပျစ်ဝါ သနာရှင်များ ဝေခွဲရခက်ခဲနေပါလိမ့်မည်။စာပေလာဘော်ဒိုမစ်ချာဆေး ရည်အချိုးအစားတွေကတော့ (1) (3:3:50) (2) (3:3:100) (3) (5:5:50) (4) (5:5:100) အချိုးအစားတွေပဲဖြစ်ပါတယ်။ အထက်ပါဆေးအချိုးအစားတွေဟာ ဘော်ဒိုမစ်ချာဆေး စတင်ဖေါ်စပ်အသုံးပြုသည့်ပါမောက္ခMillardet မှ အဆင့်ဆင့်အသုံး ပြုလာသည့်အချိုးအစားတွေဖြစ်ပါတယ်။ဒါနဲ့ဘော်ဒိုဆေးရည် စတင်အ သုံးပြုသည့်မှတ်တန်းလေးတွေကတော့ အမျိုးမျိုးတွေ့ရပါတယ်။ပထမ လေ့လာဖူးသည့် မှတ်တန်းလေးကတော့ Bordeaux တက္ကသိုလ် မှာစမ်းသပ်စိုက်ပျိုးထားသည့် စပျစ်ပင်လေးတွေမှာ မှိုရောဂါကျရောက် နေချိန် ရှိပြီးသားဆေးများဖြင့်ကုသရာ ရောဂါပြင်းထန်သဖြင့် ကုသ၍ မနိုင်ဖြစ်နေခဲ့ပါတယ်။ဒိအချိန်မှာ ဒုတ္ထာကိုစမ်းသပ်အသုံးပြုရာ ကစတင် ခဲ့သည်ဟု လေ့လာသိရှိရပြီး အလွန်ထိရောက်သည့်အတွက် အဆင့် ဆင့်သုတေသနပြုလုပ်အသုံးပြုခဲ့ဖြစ်ပေသည်။ ဒုတိယမှတ်တန်း Bordeaux မြို့ရှိ စပျစ်စိုက်ခင်းများတွင် Downey Mildew ရောဂါဆိုးရွားစွာကျရောက် နေချိန်ကစတင် ခဲ့သည်ဟု လေ့လာသိရှိရပါသည်။Bordeauxမြို့ရှိ စပျစ်စိုက်ခင်းများ တွင် ကျရောက်သည့် Downey မှိုရောဂါအတွက်ဆေးဝါးများကြံဆ နေချိန် စိုက်ခင်းအတွင်းလေ့လာရာ၌ ဒုတ္ထာများပတ်ဖျန်းထားသည့် လမ်းဘေးရှိစပျစ်ပင်များတွင် ရောဂါကျရောက်လျော့နည်းသက်သာနေ တာကို သတိထားမိခဲ့ကြပါတယ်။ဒုတ္ထာပတ်ဖျန်းရသည့် ရည်ရွယ်ချက် ကတော့ မှိုရောဂါ ကုသရန်မဟုတ်ဘဲ လမ်းသွားလမ်းလာလူသူများနှင့် ကျေးငှက်များ စပျစ်သီးများကို ခူးယူစားသုံးမှုမရှိစေရန်ဖြစ်ပါတယ်။ ပါမောက္ခMillardet က အဆိုပါတွေ့ရှိချက်ကို Bordeaux တက္ကသိုလ်မှာ သုတေသနပြုလုပ်ပြီး ဘော်ဒိုမစ်ချာ (Bordeaux Mixture ) ဆေးကို စပျစ်ခြံများတွင် ထိရောက်စွာအသုံးပြုလာခဲ့ခြင်း ဖြစ်သည်ဟု လည်း လေ့လာသိရှိရပါသည်။ မည်သို့ပင်ဆိုဆေးကာမူ ဘော်ဒိုဆေးရည်သည် စပျစ်စိုက် ပျိုးရေးတွင်မရှိမဖြစ်အသုံးပြုသင့်သည် ဆေးတစ်လက်ဖြစ်ပေသည်။ ဘော်ဒိုဆေးရည်သည် သရက် သံပုရာ လိုနှစ်ရှည်သီးပင်များတွင် နေညအပူချိန်ပြောင်းလဲမှု့မြင့်မားသည့် မိုးအကုန်ဆောင်းအကူးကာလ မှ ဆောင်းအကုန်နွေအကူးကာလများ၌ အပင်ပင်စည်ကိုသုတ်လိမ်း ပတ်ဖျန်းပေးခြင်းဖြင့် အပင်များကို ကျန်မာသန်စွမ်းစေခြင်း မှိုရောဂါ ကျရောမှုဒဏ်ကိုလျော့ကျစေနိုင်ခြင်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။လူလို ဆိုရင် အနွေးထည်ဝတ်ပေးထားတော့ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် သဘောဖြစ်ပါတယ်။ဘော်ဒိုဆေးရည် သည် ---- Anthracnose Powndery Mildew Downey Mildew ကဲ့သို့သောစပျစ်တွင် အဓိကကျရောက်ဖြစ် ပွားတက်သည့် ရောဂါများကို အထူးကာကွယ်ကုသနိုင်သည့် ဆေး တစ်လက်ဖြစ်ပေသည်။ ဆေးအချိုးအစား တွက်နည်းမှာ အချိုးအစားဆိုသည့်အတိုင်း အချိန်အတွယ်တူသည့်ယူနစ်တစ်မျိုးထဲဖြင့် ချိန်တွယ်ရပါမည်။ ထို့ကြောင့် ဆေးဖျော်ရာတွင်ပါဝင်သည့် ဒုတ္ထာ ထုံး ရေ တို့ ဒြပ်သတ္ထု မတူညီကြပါဘူး။ထို့ကြောင့် ဘုံယူနစ်တစ်ခုကို တွက်ယူရပါမယ်။ (3:3:100) အချိုးကို ပထမ တွက်ကြည့်ရအောင် (3:3:100) အချိုးမှာ ဒုတ္ထာသုံးဆ ထုံးသုံးဆ ရေအဆ(100) ကို ဆိုလိုပါတယ်။ဒိသုံးမျိုးယူနစ်တစ်ခုထဲဖြစ်စေရန် ဘုံယူနစ်ရှာကြည့်ရ မည်။ ရေ (1) ဂါလံ = 10 ပေါင် တစ်ပေါင် = 28 ကျပ်သား ဒိတော --- ရေ ၁၀၀ ပေါင်ဆို = 10 ဂါလံ ရမည်။ ရေ ၁၀၀ ပေါင်မှာ ဒုတ္ထာ (3%) ဆိုတော့ 3 ပေါက်ပေါ့။ ရေ ၁၀၀ ပေါင်မှာ = 10 ဂါလံ ဒုတ္ထာ ၃ ပေါင်း ×28 = 84 ကျပ်သား ထုံး ၃ ပေါင် × 28 = 84 ကျပ်သား ဒါဆိုတော့ (3:3:100) အချိုးမှာ ( ဒုတ္ထာ 84 ကျပ်သား : ထုံး 84ကျပ်သား : ရေ ၁၀ ဂါလံ ) ရရှိပါမည်။ အထက်ပါဆေးအချိုးအစားသည် အရွက်နုရှိသည့်အပင်များ ကိုင်းအညွန့်နုသည့်အပင်များကို ပတ်ဖျန်းအသုံးပြုပါက အရွက်များခြောက်ကာကြွေကြသွားနိုင်ပါတယ် တစ်ချို့အပင်နုတွေ သေသွားနိုင်ပါသည်။ဒီနေရာတစ်ခုတွေးတောစရာရှိပါတယ်။ ပါမောက္ခ Millardet စမ်းသပ်ချိန်ကာလက စပျစ်ပင်တွေမှာ Downey Mildew ကျရောက်နေတာဆိုတော့ Downey Mildew ဆိုတာ အရွက်နုတွေမှာဘယ်သောအခါမှ စတင်ကျရောက်ခြင်း မရှိဘူး အရွက်မနုမရင့် တွေမှာစတင်ကျရောက်ပြီး ထိုမှ အရွက်ရင့်များသို့ကူးစပ်ကာ နောက်ဆုံး တွင်သာ အရွက်နုပါမကျန်ကျရောက်တက်သည့် ရောဂါမျိုး ဖြစိပါသည်။Downey Mildew ကျရောက်ချိန်သည်များသောအား ဖြင့် ကိုင်းမွေးကိုင်းအောင်ပြီး အပင်အနားပေးခါနီး အချိန်ဖြစ်သည့်အတွက် စပျစ်ပင်အတွက် အရွက်တွေကျန်တာမကျန်တာသိပ်ဂရုစိုက် စရာမလိုသည့်အချိန်ဖြစ်ရင်ဖြစ်နေမယ်။ထိုအချိန်မျိုးတွင် မှိုရောဂါနှိမ်နင်းရေးကိုသာအဓိကထား၍ ဆေးပြင်းမြင့်မြက့် အသုံးပြု တာလည်းဖြစ်နိုင်ပါတယ်။ထိုကဲ့သို့အချိန်ကိုက်အသုံးပြုခဲ့မည်ဆိုပါက စပျစ်ကိုင်းများတွင် မွေးကိုင်းအောင်ပြီးသား အနေအထားမျိုးဖြစ်နိုင်ပေ သည်။အထက်ပါ (3:3:100) အချိုးသည်စပျစ်ပင်ပင်စည်များ သရက်ပင်ပင်စည်းများ သုတ်လိမ်းပတ်ဖျန်းပေးရန်သာ သင့်တော်ပါသည်။ ထို့ကြောင့် စပျစ်ဝါသနာရှင်များအနေဖြင့် မိမိစိုက်ပျိုးထားသည့် စပျစ်ပင်လေးများ၏ ခံနိုင်ရည်အားနှင့် ရောဂါအခြေအနေ ရာသီဥတုအခြေအနေများကို ချင့်ချိန်သုံးသပ်ကာ အသုံးပြုသင့်ပေ သည်။ပြည်တွင်းစိုက်စပျစ်ပင်လေးအတွက် အသင့်တော်ဆုံး အချိုးအစား မှာ--- ရေဂါလံ 20 တွင် ဒုတ္ထာ (15) ကျပ်သား ထုံး (15) ကျပ်သား မှ ရေဂါလံ 20 တွင် ဒုတ္ထာ (20) ကျပ်သား ထုံး (15) ကျပ်သား ရေဂါလံ (20 ) တွက် ဒုတ္ထာ (25) ကျပ်သား ထုံး (20) ကျပ်သား စသည်ဖြင့် မိမိစပျစ်ပင်၏ အခြေအနေနှင့် ရာသီဥတုအခြေအနေ ရောဂါအခြေအနေများကို သုံးသပ်ကာ သင့်တော် သလို ချိန်ဆ အသုံးပြုသင့်ပေသည်။ ဘော်ဒိုဆေးရည်ဖျော်စပ်ရာ၌ စပျစ်ပင်အစာချက်အားကောင်း စေရန်နှင့် မှိုရောဂါပိုမိုထိရောက်စေရန် ကန့်ထည့်နိုင်ပါသည်။ကန့်ကို ထုံးနှင့်ဆတူထည့်ပေးရသည်။ ဖျော်စပ်ပုံ ပထမ ရေဂါလံ 20 တွင် ထုံးကို ရေစစ်သို့မဟုတ် ဆန်အိပ်အပါးစဖြင့် စစ်၍ဖျော်ပါ။ထို့နောက် ကန့်ကို အိမ်သုံးဆပ်ပြာ အနည်းငယ် (3 ဇွန်းခန့်)ထည့်၍ ရေစစ် သို့မဟုတ်ဆတ်အိပ်အပါးစ တွင်ရောနယ်၍ စစ်ဖျော်ပါ။ထို့နောက် ဒုတ္ထာအရည်လောင်းထည့်ပါ။ ဒုတ္ထာ အရည်ပျော်စေရန် ဖိုက်ဘာဆေးဘူးခွံထဲတွက် လိုအပ်သည့်အချိုး အစားတိုင်ထည့်၍ ရေနွေးပူလေးလောင်းထည့်ကာ ဖျော်ပါ။ထို့နောက် ထုံး ကန့်ဖျော်ရည်ထဲသို့ထည့်၍ မွှေပေးပါ။ ပတ်ဖျန်းအသုံးပြုနိုင်ပါပြီ။
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။