အစိမ်းရောင်လမ်း
509
လွန်ခဲ့သော ၁ နာရီ က · မြိုင်

အခုရက်ပိုင်း မိုးက ရက်ဆက်ရွာနေတယ်။ မြေပဲခင်းတွေမှာ မှိုရောဂါ ကျရောက်မှာ စိုးရိမ်လို့ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲဗျ။ သဘာဝဆေးနည်းများ၊ဓာတုဆေးနည်းများ နဲ့ ကာကွယ်နိုင်မယ့် နည်းများကို အကြံပြုပေးစေလိုပါတယ်ခင်ဗျ။

You
509
လွန်ခဲ့သော ၁ နာရီ က · မြိုင်

နှမ်းသီးနှံဈေးကွက်အခြေအနေ အလားအလာဘယ်လိုရှိလဲဗျ။

You
8
လွန်ခဲ့သော ၅ နာရီ က · ဟင်္သာတ

မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၅ နာရီ က

ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။

You
1,560
လွန်ခဲ့သော ၅ နာရီ က · မင်းလှ

ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၅ နာရီ က

၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။

You
187
လွန်ခဲ့သော ၉ နာရီ က · မုံရွာ

ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ‌ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့

Post image
Post image
187 လွန်ခဲ့သော ၂ နာရီ က

ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ

187 လွန်ခဲ့သော ၈ နာရီ က

အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။

You
20
လွန်ခဲ့သော ၁၂ နာရီ က · နွားထိုးကြီး

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့‌ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်

262,500 လွန်ခဲ့သော ၉ နာရီ က

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၁၂ နာရီ က

စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။

You
315
လွန်ခဲ့သော ၁၄ နာရီ က · ညောင်ရွှေ

ဘာဆေးဖျန်းရမလဲဗျ

Post image
262,500 လွန်ခဲ့သော ၉ နာရီ က

ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး‌ လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။

အတည်ပြုပြီး 314,998 လွန်ခဲ့သော ၁၁ နာရီ က

ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။

You
51
လွန်ခဲ့သော ၁၅ နာရီ က · ပုလော

ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့

30,800 လွန်ခဲ့သော ၁၄ နာရီ က
ဤအဖြေဖြင့် ပြေလည်
အတည်ပြုပြီး 314,998 လွန်ခဲ့သော ၇ နာရီ က

၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။

You
823
လွန်ခဲ့သော ၁၈ နာရီ က · ချောက်

မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့

262,500 လွန်ခဲ့သော ၁၆ နာရီ က

မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
406
လွန်ခဲ့သော ၁ ရက် က · မိတ္ထီလာ

စပါး

262,500 လွန်ခဲ့သော ၁၈ နာရီ က

Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
21
လွန်ခဲ့သော ၁ ရက် က · မြိုင်

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

262,500 လွန်ခဲ့သော ၁၈ နာရီ က

ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
1,304
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

262,500 လွန်ခဲ့သော ၁၈ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

1,304 လွန်ခဲ့သော ၁၆ နာရီ က

ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ

You
1,304
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

262,500 လွန်ခဲ့သော ၁၈ နာရီ က

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
3,869
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

262,500 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
You
11
လွန်ခဲ့သော ၁ ရက် က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

262,500 လွန်ခဲ့သော ၁ ရက် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

Question image

မေးခွန်း

3,688
လွန်ခဲ့သော ၂ နှစ် က · မိုးကောင်း

ရွက်စိမ်းမြက်ချဉ်ဖတ်လုပ်နည်းပြေားပြကျပါလားဆရာဆရာမတို့

အချဉ်ဖောက်အရွက်ရည်
3,688 လွန်ခဲ့သော ၂ နှစ် က

ကြက်ကိုကျွေးချင်တာပါကျွေးလို့ရလားဆရာ

236 လွန်ခဲ့သော ၂ နှစ် က

<0.1% အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ် တွေက အရသာသိပ်မချဉ်ပါဘူး အချိန်အကြာကြီးသိမ်းထားလို့ရပြီး၊အဟာရတန်ဖိုးမပြောင်းလည်းပါဘူး နို့စားနွားမတွေကိုကျွေးမယ်ဆိုရင် တနေ့ကို15kg အထက်ကျွေးဖို့မသင့်ပါဘူး ပြီးတော့ မြက်ချဉ်ဖတ်ကို နို့ညှစ်ပြီးမှကျွေးရပါမယ် မြက်ချဉ်ဖတ်ဟာ တခြားအစာတွေနဲယှဉ်ရင် အချဉ်ဓာတ်ရှိတာမို့ နွားကိုကျွေးတဲ့အခါမှာ အကန့်အသတ်ရှိပါတယ် နွား100kg အရွယ်ကို တနပ်မှာ ဖြည်စွက်စာကျွေးပြီးနောက်ပိုင်း မြက်ချဉ်ဖတ်3-3.5kg ကျွေးဖို့ ထိုင်းနိုင်ငံမှာသတ်မှတ်ထားပါတယ် #မြက်ချဉ်ဖတ်ရဲ့အားသာချက်များ အချိန်ရာသီမရွေးပြုလုပ်နိုင် အပင်ရဲ့အစိတ်အပိုင်းတိုင်းကိုအကျိုးရှိရှိအသုံးပြုနိုင် သိမ်းဆည်းရန်နေရာသိပ်မလို မြက်ချဉ်ဖတ်မှာရေဓာတ်ပါတဲ့အတွက် ကျွဲနွားတိရိစ္ဆာန်လေးတွေနှစ်သက်စွာစားသုံး မီးဘေးအန္တရာယ်လျော့ချပေး အချိန်အကြာကြီးသိမ်းလို့ရ #မြက်ချဉ်ဖတ်ရဲ့အားနည်းချက်များ မြက်ချဉ်ဖတ်ပြုလုပ်ရန် ဗဟုသုတနဲ့ကျွမ်းကျင်မှူလိုအပ်ခြင်း လုပ်အားနဲ့အရင်းအနှီးများအသုံးပြုရခြင်း ဗီတာမင်ဒီ (Vitamin D) ဓာတ်မပါခြင်း အဖုံးဖွင့်ပြီးအသုံးပြုတာနဲ့ မှိူတက်ပြီးပျက်စီးလွယ် မြက်ချဉ်ဖတ်မှာအက်ဆစ်ဓာတ်ပါတဲ့အတွက် ပလတ်စတစ်အိတ်/ပီပါ/ပုံး ကိုသာအသုံးပြုနိုင်ပြီး သံထည်ပစ္စည်းသုံးမရခြင်း အခုလိုစိတ်ဝင်တစားဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် နောက်နေ့တွေမှာလည်း အချိန်ရသလို မိတ်ဆွေတို့ အတွက် အကျိုးရှိနိုင်မယ်ထင်တာလေးတွေ တင်ပြပေးသွားပါမယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် လေးစားစွာဖြင့်

236 လွန်ခဲ့သော ၂ နှစ် က

[Zawgyi] #မြက်ချဉ်ဖတ်ပြုလုပ်နည်း 🙏မင်္ဂလာပါရှင်🙏 လေးစားရပါသော မိတ်ဆွေများရှင် အခုလိုမိုးရာသီမှာ မြက်တွေပေါပေါများများရနေပြီဆိုတော့ ခြောက်သွေ့ရာသီမှာ မိတ်ဆွေတို့ မွေးမြူထားတဲ့ ကျွဲနွားတိရိစ္ဆာန်လေးတွေအတွက် အစာအဟာရလုံလောက်အောင်သိမ်းထားဖို့ မြက်ချဉ်ဖတ်(Grass Silage) ပြလုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်ရှင်😊 #နွားစားရန်အတွက်မြက်ချဉ်ဖတ်ပြုလုပ်နည်း မြက်ချဉ်ဖတ်ပြုလုပ်ဖို့ 1-သကြားဓာတ်ပါတဲ့ အပင်မျိုးကိုရွေးချယ်ရပါမယ် နှံစားပြောင်းနဲ့ပြောင်းပင်တွေက ချဉ်ဖတ်လုပ်ဖို့အသင့်တော်ဆုံးပါ အရည်အသွေးကောင်းတဲ့ချဉ်ဖတ်ကိုရနိုင်ပါတယ်။ နေဗီယာမြက်၊အစ္စရေးမြက်ချိုအစရှိတဲ့မြက်တွေကိုလည်းအသုံးပြုလိုရပါတယ် 2-မြက်ချဉ်ဖတ်ပြုလုပ်ဖို့အဓိကလိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ပါမယ် မြက်စဉ်းပြီးသား(100kg) အတွက်အချိုးအစားပါ မြက်စဉ်းစက်(သို့မဟုတ်)မြက်စဉ်းရန်ဓား လေလုံသောပလတ်စတစ်အိတ် တင်လဲရည်(သို့မဟုတ်) သကြားညို 5kg၊ဆား 2.5kg ဆာလာအိတ်၊သားရေကြိုး ဖုန်စုပ်စက်(ရှိရင်၊မရှိလဲရ) #ပြုလုပ်နည်း 1-မြက်ကို2-3cmအရွယ်စဉ်းပါ 2-စဉ်းပြီးသားမြက်ကို ပလတ်စတစ်အိတ်ထဲထည့်ပါ 3-လေမဝင်အောင်သိပ်ထည့်ပေးပါ တစ်ချိန်တည်းမှာပဲ သကာရည်နဲ့ ဆားကို ဖြူးထည့်ပေးပါရှင် အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ်ရအောင်လို့ မြက်စဉ်းပြီးသား၊သကာရည်၊ဆား ကိုတထပ်ချင်းစီထည့်ပေးသွားပါ 4-အိတ်ကိုလေလုံအောင်နဲ့ရေမဝင်အောင်သားရည်ကြိုးနဲ့ သေချာစည်းပါ။ဖုန်စုပ်စက်ရှိရင် လေကိုတစ်ခါတည်းစုပ်ထုတ်ပစ်ရင်ပိုကောင်းပါတယ်။ ပြီးရင်အေးပြီးခြောက်သွေ့တဲ့နေရာမှာထားရပါမယ် တကယ်လို့အိတ်မှာပေါက်ပြဲရာပါခဲ့ရင်တိပ်နဲ့ပိတ်ပေးရပါမယ် မဟုတ်ရင် မြက်တွေမှိူတက်ပြီး၊ပုပ်တတ်ပါတယ် 5-ပြုလုပ်ပြီး3-4ပတ်မြောက်မှာ မြက်ချဉ်ဖတ်ကို စပြီးအသုံးပြုလို့ရပါပြီ 6-ကျွဲနွားတိရိစ္ဆာန်လေးတွေကို မြက်ချဉ်ဖတ်စကျွေးတဲ့အခါမှာ နည်းနည်းချင်းစကျွေးပြီး ကျင့်ပေးရပါမယ် မြက်ချဉ်ဖတ်ရဲ့အနံ့နဲ့အရသာကို ကျင့်သားရပြီး အကြိုက်တွေ့လာတဲ့ အခါမှ တဖြည်းဖြည်းချင်းတိုးပြီးကျွေးရပါမယ် #မြက်ချဉ်ဖတ်ပြုလုပ်ရာမှာသတိထားရမယ့်အရာများ 1-မြက်ချဉ်ဖတ်ပြုလုပ်ပြီးထည့်မယ့် ပလတ်စတစ်အိတ်၊ပီပါ၊ပုံး၊အစရှိသည်တို့မှာ စဉ်းထားတဲ့မြက်တွေကိုထည့်ချိန်မှာတတ်နိုင်သမျှလေမခိုအောင်ဖိသိပ်ထည့်ပေးရပါမယ်၊ဒါဆိုရင်အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ်ရပြီး ပျက်စီးဆုံးရှူံးမှူနည်းပါးပါမယ် 2-မြက်ချဉ်ဖတ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်၊ ပီပါ၊ ပုံး အစရှိသည်တို့ကိုလေလုံအောင်ပိတ်ပေးရပါမယ် 3-မြက်ချဉ်ဖတ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်၊ပီပါ၊ပုံး အစရှိသည်တို့ကိုဖွင့်ပြီးသုံးရင် အချိန်တိုအတွင်း ကုန်အောင်သုံးပေးပါ။ ဒါမှမဟုတ် အဖုံးဖွင့်တဲ့အခါမှာ ကျယ်ကျယ်မဖွင့်ပဲသုံးမယ်ဆိုရင်လည်း မြက်ချဉ်ဖတ်ရဲ့အရည်အသွေးကို ထိန်းနိုင်ပါတယ် 4-မြက်ချဉ်ဖတ်လုပ်ဖို့ မြက်ကိုရွေးချယ်ရာမှာ ရေအရမ်းစိုလွန်း၊အစိုဓာတ်များလွန်းတဲ့မြက်တွေကိုမသုံးသင့်ပါဘူး မြက်ရဲ့အစိုဓာတ်က 65-70%ပဲရှိသင့်ပါတယ် မြက်အစိုဓာတ်များလွန်းရင် အချဉ်ဓာတ်များလွန်းပြီး အစိုဓာတ်နည်းလွန်းရင်လည်း Lactic acid နည်းလွန်းပြီး မြက်ချဉ်ဖတ်ပျက်စီးလွယ်ပါတယ်ရှင် 5- မြက်ချဉ်ဖတ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်၊ပီပါ၊ပုံး အစရှိသည်တို့ကို ကြွက်နဲ့၊ပိုးဟပ်တွေ လာမဖျက်ဆီးအောင် ဂရုစိုက်ပေးပါ မဟုတ်ရင် မြက်ချဉ်ဖတ်တွေ ပျက်စီးဆုံးရှူံးတတ်ပါတယ်။ #ပလတ်စတစ်ပုံးဖြင့်မြက်ချဉ်ဖတ်ပြုလုပ်နည်း လိုအပ်သောပစ္စည်းများ မြက်စဉ်းစက်(သို့)စဉ်းရန်ဓား 200literဆန့်သောပုံး၊သို့၊အနီးပတ်ဝန်းကျင်ရှအဆင်ပြေသောပုံး အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ်ရအောင်လို့ သကာရည်၊ ဖွဲနု၊ပီလောပီနံအဖတ် အဖုံးပိတ်ရန်ပလတ်စတစ်(သို့) လေလုံအောင်ပိတ်လိုရသောအဖုံး #ပြုလုပ်နည်း 1-မြက်ကို2-3cmအရွယ်စဉ်းပါ 2-စဉ်းပြီးသားမြက်ကိုပုံးထဲထည့်ပါ 3-လေမခိုအောင်ဖိသိပ်ပေးပါတချိန်ထည်းမှာပဲ သကာရည် ၊ဖွဲနု၊ပီလောပီနံအဖတ် တို့ကိုရောထည့်ပေးပါ တထပ်ချင်းစီအထပ်ထပ်ထည့်ပေးပါ 4-ပြီးရင် အဖုံးပိတ်ပြီး လေနဲ့ရေမဝင်အောင် ပလတ်စတစ်တထပ်ပိတ်ပြီးစည်းပေးပါ ပြီးတော့ အေးပြီးခြောက်သွေ့တဲ့နေရာမှာထားပေးပါ 5- ပြုလုပ်ပြီး 3-4ပတ်မြောက်မှာဆိုရင် မြက်ချဉ်ဖတ်အသုံးပြုလို့ရပါပြီ 6- ကျွဲနွားတိရိစ္ဆာန်လေးတွေကိုမြက်ချဉ်ဖတ်စကျွေးတဲ့အခါမှာ နည်းနည်းချင်းစကျွေးပြီး မြက်ချဉ်ဖတ်ရဲ့အရသာနဲ့အနံ့ကို ရင်းနှီးပြီးကျင့်သားရမှ တဖြည်းဖြည်းချင်းတိုးပြီးကျွေးရပါမယ် #အရည်အသွေးကောင်းတဲ့မြက်ချဉ်ဖတ်ရဲ့လက္ခဏာများ အရောင် မြက်ချဉ်ဖတ်ရဲ့ပကတိအရောင်ကစိမ်းဝါရောင်ပါ တကယ်လို့အညိုရောင်၊အမဲရောင်ဖြစ်နေခဲ့ရင် မြက်ချဉ်ဖတ်လုပ်ရာမှာ အပူချိန်များ လွန်းတာကြောင့်ဖြစ်တာပါ တကယ်လို့မြက်ချဉ်ဖတ်ကအမဲရောင်ဖြစ်နေခဲ့ရင် တိရိစ္ဆာန်လေးတွေကိုမကျွေးသင့်ပါဘူး အနံ့ မြက်ချဉ်ဖတ်ရဲ့အနံ့က သီးစုံအချဉ်ပေါင်းအနံ့လို ချဉ်ဖတ်နံ့သင်းသင်းလေးပါ အသား မြက်ချဉ်ဖတ်အသားကိုကိုင်ကြည့်တဲ့အခါမှာ အသားတင်းပြီး၊ မရိရွဲ၊ လက်နဲ့ပွတ်ကြည့်တဲ့အခါမှာမပြဲသွားပါဘူး မြက်ချဉ်ဖတ်အပေါ်မှာအဖြူအစင်းလေးတွေ တွေ့မြင်ရမယ်ဆိုရင် မြက်ချဉ်ဖတ် အရည်အသွေး ကိုကျဆင်းစေပါတယ် အစိုဓာတ်အစိုဓာတ်က 65-70%ရှိသင့်ပါတယ် မြက်ချဉ်ဖတ်ကိုလက်နဲ့ညစ်ကြည့်တဲ့အခါမှာ အရည်ထွက်လာတယ်ဆိုရင် အစိုဓာတ်များတဲ့အတွက် အထားမခံပါဘူး။အစိုဓာတ် နည်းလွန်းရင်လဲ ပျက်စီးလွယ်ပါတယ် ပါဝင်တဲ့PH တန်ဖိုးကတော့ Lactic acid- 1.5-2.5% Acetic acid- 0.5-0.8% Butyric acid(fatty acids)- <0.1% အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ် တွေက အရသာသိပ်မချဉ်ပါဘူး အချိန်အကြာကြီးသိမ်းထားလို့ရပြီး၊အဟာရတန်ဖိုးမပြောင်းလည်းပါဘူး နို့စားနွားမတွေကိုကျွေးမယ်ဆိုရင် တနေ့ကို15kg အထက်ကျွေးဖို့မသင့်ပါဘူး ပြီးတော့ မြက်ချဉ်ဖတ်ကို နို့ညှစ်ပြီးမှကျွေးရပါမယ် မြက်ချဉ်ဖတ်ဟာ တခြားအစာတွေနဲယှဉ်ရင် အချဉ်ဓာတ်ရှိတာမို့ နွားကိုကျွေးတဲ့အခါမှာ အကန့်အသတ်ရှိပါတယ် နွား100kg အရွယ်ကို တနပ်မှာ ဖြည်စွက်စာကျွေးပြီးနောက်ပိုင်း မြက်ချဉ်ဖတ်3-3.5kg ကျွေးဖို့ ထိုင်းနိုင်ငံမှာသတ်မှတ်ထားပါတယ် #မြက်ချဉ်ဖတ်ရဲ့အားသာချက်များ အချိန်ရာသီမရွေးပြုလုပ်နိုင် အပင်ရဲ့အစိတ်အပိုင်းတိုင်းကိုအကျိုးရှိရှိအသုံးပြုနိုင် သိမ်းဆည်းရန်နေရာသိပ်မလို မြက်ချဉ်ဖတ်မှာရေဓာတ်ပါတဲ့အတွက် ကျွဲနွားတိရိစ္ဆာန်လေးတွေနှစ်သက်စွာစားသုံး မီးဘေးအန္တရာယ်လျော့ချပေး အချိန်အကြာကြီးသိမ်းလို့ရ #မြက်ချဉ်ဖတ်ရဲ့အားနည်းချက်များ မြက်ချဉ်ဖတ်ပြုလုပ်ရန် ဗဟုသုတနဲ့ကျွမ်းကျင်မှူလိုအပ်ခြင်း လုပ်အားနဲ့အရင်းအနှီးများအသုံးပြုရခြင်း ဗီတာမင်ဒီ (Vitamin D) ဓာတ်မပါခြင်း အဖုံးဖွင့်ပြီးအသုံးပြုတာနဲ့ မှိူတက်ပြီးပျက်စီးလွယ် မြက်ချဉ်ဖတ်မှာအက်ဆစ်ဓာတ်ပါတဲ့အတွက် ပလတ်စတစ်အိတ်/ပီပါ/ပုံး ကိုသာအသုံးပြုနိုင်ပြီး သံထည်ပစ္စည်းသုံးမရခြင်း အခုလိုစိတ်ဝင်တစားဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် နောက်နေ့တွေမှာလည်း အချိန်ရသလို မိတ်ဆွေတို့ အတွက် အကျိုးရှိနိုင်မယ်ထင်တာလေးတွေ တင်ပြပေးသွားပါမယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် လေးစားစွာဖြင့် Sweet Grass 09448253987 Credit photo from Google [Unicode] 🙏မင်္ဂလာပါရှင်🙏 လေးစားရပါသော မိတ်ဆွေများရှင် အခုလိုမိုးရာသီမှာ မြက်တွေပေါပေါများများရနေပြီဆိုတော့ ခြောက်သွေ့ရာသီမှာ မိတ်ဆွေတို့ မွေးမြူထားတဲ့ ကျွဲနွားတိရိစ္ဆာန်လေးတွေအတွက် အစာအဟာရလုံလောက်အောင်သိမ်းထားဖို့ မြက်ချဉ်ဖတ်(Grass Silage) ပြလုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်ရှင်😊 #နွားစားရန်အတွက်မြက်ချဉ်ဖတ်ပြုလုပ်နည်း မြက်ချဉ်ဖတ်ပြုလုပ်ဖို့ 1-သကြားဓာတ်ပါတဲ့ အပင်မျိုးကိုရွေးချယ်ရပါမယ် နှံစားပြောင်းနဲ့ပြောင်းပင်တွေက ချဉ်ဖတ်လုပ်ဖို့အသင့်တော်ဆုံးပါ အရည်အသွေးကောင်းတဲ့ချဉ်ဖတ်ကိုရနိုင်ပါတယ်။ နေဗီယာမြက်၊အစ္စရေးမြက်ချိုအစရှိတဲ့မြက်တွေကိုလည်းအသုံးပြုလိုရပါတယ် 2-မြက်ချဉ်ဖတ်ပြုလုပ်ဖို့အဓိကလိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ပါမယ် မြက်စဉ်းပြီးသား(100kg) အတွက်အချိုးအစားပါ မြက်စဉ်းစက်(သို့မဟုတ်)မြက်စဉ်းရန်ဓား လေလုံသောပလတ်စတစ်အိတ် တင်လဲရည်(သို့မဟုတ်) သကြားညို 5kg၊ဆား 2.5kg ဆာလာအိတ်၊သားရေကြိုး ဖုန်စုပ်စက်(ရှိရင်၊မရှိလဲရ) #ပြုလုပ်နည်း 1-မြက်ကို2-3cmအရွယ်စဉ်းပါ 2-စဉ်းပြီးသားမြက်ကို ပလတ်စတစ်အိတ်ထဲထည့်ပါ 3-လေမဝင်အောင်သိပ်ထည့်ပေးပါ တစ်ချိန်တည်းမှာပဲ သကာရည်နဲ့ ဆားကို ဖြူးထည့်ပေးပါရှင် အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ်ရအောင်လို့ မြက်စဉ်းပြီးသား၊သကာရည်၊ဆား ကိုတထပ်ချင်းစီထည့်ပေးသွားပါ 4-အိတ်ကိုလေလုံအောင်နဲ့ရေမဝင်အောင်သားရည်ကြိုးနဲ့ သေချာစည်းပါ။ဖုန်စုပ်စက်ရှိရင် လေကိုတစ်ခါတည်းစုပ်ထုတ်ပစ်ရင်ပိုကောင်းပါတယ်။ ပြီးရင်အေးပြီးခြောက်သွေ့တဲ့နေရာမှာထားရပါမယ် တကယ်လို့အိတ်မှာပေါက်ပြဲရာပါခဲ့ရင်တိပ်နဲ့ပိတ်ပေးရပါမယ် မဟုတ်ရင် မြက်တွေမှိူတက်ပြီး၊ပုပ်တတ်ပါတယ် 5-ပြုလုပ်ပြီး3-4ပတ်မြောက်မှာ မြက်ချဉ်ဖတ်ကို စပြီးအသုံးပြုလို့ရပါပြီ 6-ကျွဲနွားတိရိစ္ဆာန်လေးတွေကို မြက်ချဉ်ဖတ်စကျွေးတဲ့အခါမှာ နည်းနည်းချင်းစကျွေးပြီး ကျင့်ပေးရပါမယ် မြက်ချဉ်ဖတ်ရဲ့အနံ့နဲ့အရသာကို ကျင့်သားရပြီး အကြိုက်တွေ့လာတဲ့ အခါမှ တဖြည်းဖြည်းချင်းတိုးပြီးကျွေးရပါမယ် #မြက်ချဉ်ဖတ်ပြုလုပ်ရာမှာသတိထားရမယ့်အရာများ 1-မြက်ချဉ်ဖတ်ပြုလုပ်ပြီးထည့်မယ့် ပလတ်စတစ်အိတ်၊ပီပါ၊ပုံး၊အစရှိသည်တို့မှာ စဉ်းထားတဲ့မြက်တွေကိုထည့်ချိန်မှာတတ်နိုင်သမျှလေမခိုအောင်ဖိသိပ်ထည့်ပေးရပါမယ်၊ဒါဆိုရင်အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ်ရပြီး ပျက်စီးဆုံးရှူံးမှူနည်းပါးပါမယ် 2-မြက်ချဉ်ဖတ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်၊ ပီပါ၊ ပုံး အစရှိသည်တို့ကိုလေလုံအောင်ပိတ်ပေးရပါမယ် 3-မြက်ချဉ်ဖတ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်၊ပီပါ၊ပုံး အစရှိသည်တို့ကိုဖွင့်ပြီးသုံးရင် အချိန်တိုအတွင်း ကုန်အောင်သုံးပေးပါ။ ဒါမှမဟုတ် အဖုံးဖွင့်တဲ့အခါမှာ ကျယ်ကျယ်မဖွင့်ပဲသုံးမယ်ဆိုရင်လည်း မြက်ချဉ်ဖတ်ရဲ့အရည်အသွေးကို ထိန်းနိုင်ပါတယ် 4-မြက်ချဉ်ဖတ်လုပ်ဖို့ မြက်ကိုရွေးချယ်ရာမှာ ရေအရမ်းစိုလွန်း၊အစိုဓာတ်များလွန်းတဲ့မြက်တွေကိုမသုံးသင့်ပါဘူး မြက်ရဲ့အစိုဓာတ်က 65-70%ပဲရှိသင့်ပါတယ် မြက်အစိုဓာတ်များလွန်းရင် အချဉ်ဓာတ်များလွန်းပြီး အစိုဓာတ်နည်းလွန်းရင်လည်း Lactic acid နည်းလွန်းပြီး မြက်ချဉ်ဖတ်ပျက်စီးလွယ်ပါတယ်ရှင် 5- မြက်ချဉ်ဖတ်ထည့်ထားတဲ့ ပလတ်စတစ်အိတ်၊ပီပါ၊ပုံး အစရှိသည်တို့ကို ကြွက်နဲ့၊ပိုးဟပ်တွေ လာမဖျက်ဆီးအောင် ဂရုစိုက်ပေးပါ မဟုတ်ရင် မြက်ချဉ်ဖတ်တွေ့ ပျက်စီးဆုံးရှူံးတတ်ပါတယ် #ပလတ်စတစ်ပုံးဖြင့်မြက်ချဉ်ဖတ်ပြုလုပ်နည်း လိုအပ်သောပစ္စည်းများ မြက်စဉ်းစက်(သို့)စဉ်းရန်ဓား 200literဆန့်သောပုံး၊သို့၊အနီးပတ်ဝန်းကျင်ရှအဆင်ပြေသောပုံး အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ်ရအောင်လို့ သကာရည်၊ ဖွဲနု၊ပီလောပီနံအဖတ် အဖုံးပိတ်ရန်ပလတ်စတစ်(သို့) လေလုံအောင်ပိတ်လိုရသောအဖုံး #ပြုလုပ်နည်း 1-မြက်ကို2-3cmအရွယ်စဉ်းပါ 2-စဉ်းပြီးသားမြက်ကိုပုံးထဲထည့်ပါ 3-လေမခိုအောင်ဖိသိပ်ပေးပါတချိန်ထည်းမှာပဲ သကာရည် ၊ဖွဲနု၊ပီလောပီနံအဖတ် တို့ကိုရောထည့်ပေးပါ တထပ်ချင်းစီအထပ်ထပ်ထည့်ပေးပါ 4-ပြီးရင် အဖုံးပိတ်ပြီး လေနဲ့ရေမဝင်အောင် ပလတ်စတစ်တထပ်ပိတ်ပြီးစည်းပေးပါ ပြီးတော့ အေးပြီးခြောက်သွေ့တဲ့နေရာမှာထားပေးပါ 5- ပြုလုပ်ပြီး 3-4ပတ်မြောက်မှာဆိုရင် မြက်ချဉ်ဖတ်အသုံးပြုလို့ရပါပြီ 6- ကျွဲနွားတိရိစ္ဆာန်လေးတွေကိုမြက်ချဉ်ဖတ်စကျွေးတဲ့အခါမှာ နည်းနည်းချင်းစကျွေးပြီး မြက်ချဉ်ဖတ်ရဲ့အရသာနဲ့အနံ့ကို ရင်းနှီးပြီးကျင့်သားရမှ တဖြည်းဖြည်းချင်းတိုးပြီးကျွေးရပါမယ် #အရည်အသွေးကောင်းတဲ့မြက်ချဉ်ဖတ်ရဲ့လက္ခဏာများ အရောင် မြက်ချဉ်ဖတ်ရဲ့ပကတိအရောင်ကစိမ်းဝါရောင်ပါ တကယ်လို့အညိုရောင်၊အမဲရောင်ဖြစ်နေခဲ့ရင် မြက်ချဉ်ဖတ်လုပ်ရာမှာ အပူချိန်များ လွန်းတာကြောင့်ဖြစ်တာပါ တကယ်လို့မြက်ချဉ်ဖတ်ကအမဲရောင်ဖြစ်နေခဲ့ရင် တိရိစ္ဆာန်လေးတွေကိုမကျွေးသင့်ပါဘူး အနံ့ မြက်ချဉ်ဖတ်ရဲ့အနံ့က သီးစုံအချဉ်ပေါင်းအနံ့လို ချဉ်ဖတ်နံ့သင်းသင်းလေးပါ အသား မြက်ချဉ်ဖတ်အသားကိုကိုင်ကြည့်တဲ့အခါမှာ အသားတင်းပြီး၊ မရိရွဲ၊ လက်နဲ့ပွတ်ကြည့်တဲ့အခါမှာမပြဲသွားပါဘူး မြက်ချဉ်ဖတ်အပေါ်မှာအဖြူအစင်းလေးတွေ တွေ့မြင်ရမယ်ဆိုရင် မြက်ချဉ်ဖတ် အရည်အသွေး ကိုကျဆင်းစေပါတယ် အစိုဓာတ်အစိုဓာတ်က 65-70%ရှိသင့်ပါတယ် မြက်ချဉ်ဖတ်ကိုလက်နဲ့ညစ်ကြည့်တဲ့အခါမှာ အရည်ထွက်လာတယ်ဆိုရင် အစိုဓာတ်များတဲ့အတွက် အထားမခံပါဘူး။အစိုဓာတ် နည်းလွန်းရင်လဲ ပျက်စီးလွယ်ပါတယ် ပါဝင်တဲ့PH တန်ဖိုးကတော့ Lactic acid- 1.5-2.5% Acetic acid- 0.5-0.8% Butyric acid(fatty acids)- <0.1% အရည်အသွေးကောင်းမွန်တဲ့မြက်ချဉ်ဖတ် တွေက အရသာသိပ်မချဉ်ပါဘူး အချိန်အကြာကြီးသိမ်းထားလို့ရပြီး၊အဟာရတန်ဖိုးမပြောင်းလည်းပါဘူး နို့စားနွားမတွေကိုကျွေးမယ်ဆိုရင် တနေ့ကို15kg အထက်ကျွေးဖို့မသင့်ပါဘူး ပြီးတော့ မြက်ချဉ်ဖတ်ကို နို့ညှစ်ပြီးမှကျွေးရပါမယ် မြက်ချဉ်ဖတ်ဟာ တခြားအစာတွေနဲယှဉ်ရင် အချဉ်ဓာတ်ရှိတာမို့ နွားကိုကျွေးတဲ့အခါမှာ အကန့်အသတ်ရှိပါတယ် နွား100kg အရွယ်ကို တနပ်မှာ ဖြည်စွက်စာကျွေးပြီးနောက်ပိုင်း မြက်ချဉ်ဖတ်3-3.5kg ကျွေးဖို့ ထိုင်းနိုင်ငံမှာသတ်မှတ်ထားပါတယ် #မြက်ချဉ်ဖတ်ရဲ့အားသာချက်များ အချိန်ရာသီမရွေးပြုလုပ်နိုင် အပင်ရဲ့အစိတ်အပိုင်းတိုင်းကိုအကျိုးရှိရှိအသုံးပြုနိုင် သိမ်းဆည်းရန်နေရာသိပ်မလို မြက်ချဉ်ဖတ်မှာရေဓာတ်ပါတဲ့အတွက် ကျွဲနွားတိရိစ္ဆာန်လေးတွေနှစ်သက်စွာစားသုံး မီးဘေးအန္တရာယ်လျော့ချပေး အချိန်အကြာကြီးသိမ်းလို့ရ #မြက်ချဉ်ဖတ်ရဲ့အားနည်းချက်များ မြက်ချဉ်ဖတ်ပြုလုပ်ရန် ဗဟုသုတနဲ့ကျွမ်းကျင်မှူလိုအပ်ခြင်း လုပ်အားနဲ့အရင်းအနှီးများအသုံးပြုရခြင်း ဗီတာမင်ဒီ (Vitamin D) ဓာတ်မပါခြင်း အဖုံးဖွင့်ပြီးအသုံးပြုတာနဲ့ မှိူတက်ပြီးပျက်စီးလွယ် မြက်ချဉ်ဖတ်မှာအက်ဆစ်ဓာတ်ပါတဲ့အတွက် ပလတ်စတစ်အိတ်/ပီပါ/ပုံး ကိုသာအသုံးပြုနိုင်ပြီး သံထည်ပစ္စည်းသုံးမရခြင်း အခုလိုစိတ်ဝင်တစားဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် နောက်နေ့တွေမှာလည်း အချိန်ရသလို မိတ်ဆွေတို့ အတွက် အကျိုးရှိနိုင်မယ်ထင်တာလေးတွေ တင်ပြပေးသွားပါမယ်ရှင် ကျေးဇူးတင်ပါတယ်ရှင် လေးစားစွာဖြင့် Sweet Grass 09448253987 Credit photo from Google ရှာပေးတာပါ ဟုတ်လားတော့မသိဘူး စေတနာဖြင့်😃😃😃

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။