အစိမ်းရောင်လမ်း
2
လွန်ခဲ့သော ၃ နာရီ က · ဟင်္သာတ

မိုးတောင့်ငရုပ်မျိုးစပျိုးရင်ဘာတွေလိုအပြီးဘယ်လိုနည်းလမ်းနဲ့ပျိုးရမလည်းဗျ

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၃ နာရီ က

ငရုတ်ပျိုးမယ်ဆိုရင် ပျိုးဗန်းနဲ့ ပျိုးဖို့ကို အကြံပြုလိုပါတယ်။ ပျိုးဗန်းက ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ကူပါတယ်။ ပျိုးမြေစပ်တဲ့အခါမှာလည်း ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။ 2️⃣ မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။ မိုးတွင်းကာလမှာ မှိုရောဂါကျနိုင်ခြေများတဲ့အတွက် ထရိုင်ကိုဒါးမားကိုလည်း ထည့်သွင်းပေးပါ။ ငရုတ်မျိုးစေ့ကို ရေကြက်သီးနွေးနွေးအနေထားမှာ ၅နာရီမှ ၈ နာရီထိ စိမ်ထားပေးမယ်ဆိုရင် အပင်ပေါက်လည်း ညီညာစေမှာဖြစ်ပါတယ်။

You
1,554
လွန်ခဲ့သော ၃ နာရီ က · မင်းလှ

ဆေးဖြန်းပီး ဘနနာရီခြား မိုးရွာရင် ဆေးအာနိသင်ပြယ်နိုင်လဲဗျ

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၃ နာရီ က

၄ နာရီကနေ ၆ နာရီကြား မိုးလွတ်ဖို့ လိုအပ်ပါတယ်ဗျ။ ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးရွာမယ်ဆိုရင် ဆေးအာနိသင်လုံးဝ ပျယ်သွားနိုင်ပါတယ်။ ၄ နာရီအတွင်းရွာမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ပျယ်သွားနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဆေးဖျန်းမယ်ဆိုရင် စွဲကပ်ဆေး (Sticker) ပါ ထည့်ပြီး ဖျန်းဖို့ အကြံပြုပါတယ်ဗျ။ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးမိုးလေဝသမှာဆိုရင် နာရီအလိုက် မိုးရွာနိုင်ခြေပြထားတာမို့ တောင်သူတွေအတွက် အများကြီး အထောက်ကူပြုပါလိမ့်မယ်ဗျ။

You
191
လွန်ခဲ့သော ၇ နာရီ က · မုံရွာ

ငရုပ်ပင် အရွက်တွေ အခုလို ဖြစ်နေတာ ဘာရောဂါလဲ ဆရာတို့။ အခုလို အပင်အရေတွက် ပိုများလာပါတယ်။ အဟာရဓာတ်ချို့တဲ့တာလား။အရဟာ တမျိုးမျိုး လွန်ကဲလို့လား။ ဒါမှမဟုတ် ‌ပိုးပွားကြောင့် ဖြစ်တဲ့ ရောဂါလား ဆရာတို့

Post image
Post image
191 လွန်ခဲ့သော ၁၉ မိနစ် က

ပုံမြင်ရရင် တခါ ငရုပ်ပုံကို ကြည့်ပြီး ပြန်ဖြေပေးပါအုံး ဆရာ

191 လွန်ခဲ့သော ၆ နာရီ က

အရင်ပို့စ်က ပုံမမြင်ရဘူး ဆရာက ပြောလို့ပါ။ ပုံမြင်ရအောင် ပြန်တင်ပေးတာပါ။

You
20
လွန်ခဲ့သော ၁၀ နာရီ က · နွားထိုးကြီး

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့‌ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်

262,497 လွန်ခဲ့သော ၇ နာရီ က

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်သည် ပူနွေးခြောက်သွေ့ပြီး မိုးနည်းသော အလယ်ပိုင်းဒေသဖြစ်ခြင်းကြောင့် စပျစ်ပင်၏ သဘာဝနှင့် အလွန်ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုးရန် အလားအလာကောင်းပါတယ်။ အောင်မြင်ဖြစ်ထွန်းရန်အတွက် ရေမဝပ်သော သဲနုန်းမြေမျိုးတွင် စိုက်ပျိုးရမည်ဖြစ်ပြီး၊ အပင်ကြီးထွားချိန်နှင့် အသီးတင်ချိန်များအတွက် အဝီစိတွင်းရေကဲ့သို့သော "ရေချို" ရရှိမှု ရှိရပါမည်။ ဒေသရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်သည့် မျိုးကို အဓိကထားရွေးချယ်ပြီး၊ လေဒဏ်ခံနိုင်ရန် စင်တင်စနစ် သို့မဟုတ် Y ကြိုးတန်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးပါက အဆင်ပြေအောင်မြင်နိုင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၁၀ နာရီ က

စပျစ်က ပူနွေးပြီး နေရောင်ခြည် ကောင်းကောင်းရတဲ့နေရာတွေမှာ ဖြစ်ထွန်းတာကြောင့် နွားထိုးကြီးလည်း ရနိုင်ပါတယ်။ ရာသီဥတု အမျိုးအစားတူတဲ့ မိတ္ထီလာတို့ ကျောက်ဆည်တို့မှာလည်း အောင်မြင်ဖြစ်ထွန်းတာကို တွေ့နေရပါတယ်။ စပျစ်က ရေဝပ်တာ မကြိုက်ပေမယ့် အစိုဓာတ်လိုအပ်တာကြောင့် အစက်ချစနစ်နဲ့ ရေပေးသွင်းမယ်ဆို ရေလိုအပ်ချက်လည်း နည်းပြီး အပင်ဖြစ်ထွန်းပါတယ်။ နောက် အနီးအနားအတွေ့ကြုံရှိတဲ့ စပျစ်ခြံတွေကနေလည်း ေသချာလေ့လာဖို့ အကြံပြုလိုပါတယ်။ အောင်မြင်ပါစေဗျာ။

You
315
လွန်ခဲ့သော ၁၂ နာရီ က · ညောင်ရွှေ

ဘာဆေးဖျန်းရမလဲဗျ

Post image
262,497 လွန်ခဲ့သော ၇ နာရီ က

ဂန္ဓမာရွက်ပြောက်စွန်းရောဂါသည် Septoria မှိုပိုးကြောင့်ဖြစ်ပြီး အစိုဓာတ်များချိန်တွင် အောက်ခြေရွက်ဟောင်းများမှတစ်ဆင့် အပေါ်သို့ ကူးစက်ပြန့်ပွားတတ်ပါတယ်။ ဤရောဂါကို နှိမ်နင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ရောဂါရနေသော အရွက်များကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီး လေ့ရှိပါတယ်။ ဓာတုဆေးအနေဖြင့် ပင်လုံးပျံ့မှိုသတ်ဆေး ဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုဖီနိုကိုနာဇိုလ်း (Difenoconazole) ကို ဖြန်းပေး‌ လေ့ရှိပြီး၊ ဆေးယဉ်ပါးမှုမရှိစေရန် ထိသေဆေးဖြစ်သော မန်ကိုဇက် (Mancozeb) နှင့် (၇-၁၀) ရက်ခြား တစ်လှည့်စီ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။ ရေလောင်းသည့်အခါ အရွက်များပေါ် ရေမတင်စေရန် အပင်ခြေကိုသာ လောင်းပေးရမည်ဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင် ကိုင်းရှင်းပေးခြင်းဖြင့် မှိုပွားနှုန်းကို လျှော့ချနိုင်ပါတယ်။

အတည်ပြုပြီး 314,984 လွန်ခဲ့သော ၉ နာရီ က

ပူနွေးစိုစွတ်ပြီး အစိုဓာတ်များတဲ့အချိန်မှာ မှိုရောဂါတွေ ဝင်ပါတယ်။ ဂန္ဓမာရွက်ပြောက်ရောဂါဖြစ်မယ်ထင်တယ်။ အရွက်ကလည်း ရေစိုနေဆဲဖြစ်နေတယ်။ အပင်ကျပ်ကျပ်စိုက်တာမျိုး မလုပ်ပါနဲ့။ နောက် ရေလောင်းတဲ့အခါမှာလည်း ညနေစောင်းပိုင်း လောင်းတာမျိုး ရှောင်ပါ။ မတက်နိုင်ဆုံး အရွက်ပေါ် ရေမတင်ဘဲ အပင်ခြေသာရေရောက်အောင် လုပ်ပေးပါ။ မှိုသတ်ဆေးအနေနဲ့ Azoxystrobin + Difenoconazole ဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) တို့ကို ဆေးယဉ်ပါးမှုမဖြစ်အောင် အလှည့်ကျဖျန်းပေးပါ။

You
48
လွန်ခဲ့သော ၁၃ နာရီ က · ပုလော

ဥစားကြက်များကို ခြံထဲလွတ်ကျောင်းမွေးလို့ အဆင်ပြေပါ့မလား ဗျာ့ လွတ်ကျောင်းမွေးရင် အားနည်းချက် အားသာချက်များ နှင့် လိုအပ်ချက်များ ရှောင်ရန် ဆောင်ရန်များ ကို အတွေ့အကြုံ ရှိသူများ အကြံပေးကြပါအုံးဗျာ့

30,799 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်
အတည်ပြုပြီး 314,984 လွန်ခဲ့သော ၅ နာရီ က

၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ လောက်ရှိပါတယ်။

You
821
လွန်ခဲ့သော ၁၆ နာရီ က · ချောက်

မုန့်ဖုတ်ဆော်ဒါ.5ဇွန်း.ဆပ်ပြာမုန့်.4ဇွန်း.ဆ်ိ.5ဇွန်း.ပတ်တာကမြေပဲခင်းမှာဘာကောင်းလဲဗျ...တချို့ပတ်နေကြလို့...မှိုကာကွယ်တယ်စိုဟုတ်လားဆရာတို့

262,497 လွန်ခဲ့သော ၁၄ နာရီ က

မုန့်ဖုတ်ဆော်ဒါ၊ ဆပ်ပြာရည်နှင့် ဟင်းချက်ဆီ ရောစပ်ထားသော ဆေးရည်သည် မြေပဲပင်များ၏ အရွက်ပေါ်တွင် ကျရောက်တတ်သော မှိုရောဂါအချို့ (အထူးသဖြင့် ဖားဥမှိုရောဂါ) ကို ကြိုတင်ကာကွယ်ရန် ထိရောက်သော သဘာဝဆေးနည်း ဖြစ်ပါတယ်။ မုန့်ဖုတ်ဆော်ဒါက မှိုမပေါက်ပွားအောင် တားဆီးပေးပြီး၊ ဆီနှင့် ဆပ်ပြာက အရွက်ပေါ်တွင် ဆေးရည်ကြာရှည် ကပ်ညှို့ပြန့်နှံ့စေရန် ကူညီပေးတာပါ။ သို့သော် မြေပဲခင်းတွင် ဆိုးရွားစွာ ကျရောက်တတ်သည့် မြေပဲရွက်ပြောက်ရောဂါနှင့် ပင်ခြေပုပ်ရောဂါများအတွက်မူ ကာကွယ်မှု အားနည်းနိုင်ပါသည်။ ဆေးပမာဏ များပါက အရွက်လောင်နိုင်သဖြင့် စိုက်ခင်းတစ်ခုလုံး မဖျန်းမီ အပင်အနည်းငယ်တွင် အရင်စမ်းသပ်ဖျန်းရန်နှင့် နေပူချိန်တွင် ဖျန်းခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
406
လွန်ခဲ့သော ၂၂ နာရီ က · မိတ္ထီလာ

စပါး

262,497 လွန်ခဲ့သော ၁၆ နာရီ က

Seeder (မျိုးစေ့ချစက်) ဖြင့် စပါးစိုက်ပျိုးရာတွင် အပင်ပေါက် ထူသွားခြင်းအတွက် အထွက်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ နည်းပါးသဖြင့် အလွန်အမင်း စိုးရိမ်ရန် မလိုပါဘူး။ သို့သော် လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် မလုံလောက်ခြင်းတို့ကြောင့် ရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်နိုင်ပြီး အပင်လဲနိုင်ခြေ ရှိပါတယ်။ ပြုပြင်ရန်အတွက် စိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း အပင်ခွဲနှုတ်ပြီး ကွက်လပ်များတွင် ပြန်ဖာပေးရပါမယ်။ ထို့ပြင် စပါးပင် အလွန်အကျွံ အပင်ပွားခြင်းကို ထိန်းချုပ်ရန် နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ ကျွေးမှုကို လျှော့ချပြီး အပင်သန်မာစေသော ပိုတက်ရှ် (အနီရောင်) မြေဩဇာကို တိုးကျွေးရပါမယ်။ လယ်ကွက်အတွင်း ရေကို အမြဲလှောင်မထားဘဲ အလှည့်ကျ ရေသွင်းရေထုတ်စနစ်ကို ကျင့်သုံးပေးခြင်းဖြင့် အထွက်နှုန်း မထိခိုက်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You
21
လွန်ခဲ့သော ၁ ရက် က · မြိုင်

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

262,497 လွန်ခဲ့သော ၁၆ နာရီ က

ကိုယ်တိုင်ဖော်စပ်ထားသော ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid) သည် စနစ်တကျ ပြုလုပ်ပြီး ရေမဝင်အောင် သိမ်းဆည်းထားပါက အနည်းဆုံး ၆ လမှ ၁ နှစ်ခွဲ (၁၈ လ) အထိ အာနိသင်မပျက်ဘဲ ရေရှည်ထားရှိနိုင်ပါတယ်။ ငါးနှင့် သကာရည် (တင်လဲရည်) အချိုးအစား ၁:၁ မှန်ကန်ရန် လိုအပ်ပြီး ဖော်စပ်စဉ်နှင့် သိုလှောင်စဉ်အတွင်း အစိုဓာတ် သို့မဟုတ် ရေဝင်ရောက်ပါက အချဉ်ဖောက်မှု ပျက်ပြားကာ သက်တမ်းတို၍ ပုပ်သိုးသွားတတ်ပါသည်။ ထို့ကြောင့် တိုက်ရိုက်နေရောင်ခြည်မထိသော အေးမြမှောင်မှိုင်သည့်နေရာတွင် လေလုံသော ပလတ်စတစ်ဘူးဖြင့် စနစ်တကျ သိုလှောင်ရန် လိုအပ်ပါတယ်ခင်ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
1,302
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါး၁၅ပတ်လည်၁အိတ်ပုလဲ၁အိတ်ဂျစ်ပဆန်၁အိတ်ရောပြီး၄ဧကကျွေးပြီးကတည်းကမိုးမပြတ်လို့မြေသြဇာဆုံးရှုံးမှုများနိုင်လားခဗျမြောင်းရေပြတ်နေလို့ဆေးကျွေးပြီးကတည်းကမိုးကနေ့တိုင်းများနေလို့

262,497 လွန်ခဲ့သော ၁၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

1,302 လွန်ခဲ့သော ၁၄ နာရီ က

ကျေးဇူးပါခဗျကန်သင်းကလုံပါတယ်လိုအပ်ရင်ပုလဲထပ်ပြီးကျွေးလိုက်ပါမယ်ခဗျ

You
1,302
လွန်ခဲ့သော ၁ ရက် က · ပွင့်ဖြူ

စပါးခင်းအောက်ဆေးကျွေးချင်လို့အခုဖက်ကမိုးမပြတ်ဖြစ်နေလို့ပုလဲန​ဲ့၁၅ပတ်လည်ကျွေးမှာပါမိုးများရင်အာနိသင်ရော့နိူင်လားခဗျာ

262,497 လွန်ခဲ့သော ၁၆ နာရီ က

မြေဩဇာကျွေးပြီးကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပါက အထူးသဖြင့် ရေပျော်လွယ်သော ပုလဲ (ယူရီးယား) နှင့် ၁၅ ပတ်လည်ထဲမှ နိုက်ထရိုဂျင်ဓာတ်များ ရေနှင့်အတူ မျောပါဆုံးရှုံးနိုင်ခြေ အလွန်များပါတယ်။ ဂျစ်ပဆန်ကတော့ အနယ်ထိုင်မှုနှေးလို့ ဆုံးရှုံးမှုနည်းပါတယ်။ အကယ်၍ လယ်ကွက်ထဲမှ ရေများ ကန်သင်းကျော်ပြီး အပြင်သို့ စီးထွက်သွားပါက မြေဩဇာ အများအပြား ဆုံးရှုံးနိုင်သော်လည်း၊ ကန်သင်းလုံပြီး ရေအိုင်ရုံသာဆိုလျှင် ဆုံးရှုံးမှု သက်သာပါလိမ့်မယ်။ ထို့ပြင် ဦးကြီးကျွေးထားသော မြေဩဇာပမာဏ (၄ ဧကအတွက် ၃ အိတ်) သည် ပုံမှန်ထက် နည်းနေသေးသဖြင့် မိုးစဲသွားပြီး (၅) ရက်ခန့်အကြာတွင် စပါးပင်များ ဝါကြောင်ကြောင်ဖြစ်ကျန်ခဲ့ပါက ၁ ဧကလျှင် ပုလဲမြေဩဇာ (၁၀) ပိဿာနှုန်းခန့် ထပ်မံဖြည့်စွက်ကျွေးပေးရန် လိုအပ်ပါလိမ့်မယ်။အပင်က မလိုရင်တော့ကျွေးစရာမလိုဘူးပေါ့ဗျာ။

You
ဖြေလည်သော အဖြေရရှိပြီး
3,869
လွန်ခဲ့သော ၁ ရက် က · ပြင်ဦးလွင်

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

262,497 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်
You
11
လွန်ခဲ့သော ၁ ရက် က · မကွေး

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

262,497 လွန်ခဲ့သော ၁ ရက် က
You
2,569
လွန်ခဲ့သော ၁ ရက် က · ပြည်

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Post image
1,896 လွန်ခဲ့သော ၁၂ နာရီ က

ဒါတော့ ဆရာဝန်ခေါ်ပြမယ်ရမယ်ဗျ။ ထင်တာတော့ အဖျားပိုးဝင်နေတယ်ထင်တယ်။ ဦးဆုံး ဖြစ်တဲ့အကောင်တွေကို သီးခြားခွဲထုတ်ထားပါတယ်။ အံတယ် ဝမ်းပါလျောတယ်ဆိုရင် ဓာတ်ဆားရည် နွေးနွေးလေး တိုက်ပေးပါ။

You
19
လွန်ခဲ့သော ၁ ရက် က · ညောင်ရွှေ

ဘာမြေသြဇာ ကျွေးရမလည်းဗျ

Post image
262,497 လွန်ခဲ့သော ၁ ရက် က

စပါးပင်သက်တမ်း (၁၄) ရက် (ပျိုးခင်း သို့မဟုတ် ရွှေ့ပြောင်းစိုက်ပြီးစ) သည် အမြစ်သစ်ပွားပြီး အပင်စတင်ကြီးထွားရန် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ဓာတ် အလွန်လိုအပ်သော အချိန်ဖြစ်ပါတယ်။ မြေခံမြေဩဇာ မကျွေးရသေးပါက တီစူပါနှင့် ပိုတက်ရှ်ကို အမြန်ဆုံးကျွေးရမည်ဖြစ်ပြီး၊ အပင်အမြစ်စွဲအားကောင်းစေရန် ပုလဲ (ယူရီးယား) ကိုလည်း ပမာဏအနည်းငယ် စတင်ကျွေးနိုင်ပါတယ်။ စိုက်ပျိုးထားသည့် စပါးသည် ပျိုးခင်းလား သို့မဟုတ် ရွှေ့ပြောင်းစိုက်ခင်းလား၊ မြေခံကျွေးထားခြင်း ရှိ၊ မရှိနှင့် မြေအမျိုးအစားကို သိရမယ်ဆိုရင် ဒီထက် တိကျစွာ ဖြေပေးနိုင်မှာပါခင်ဗျာ။

You
Question image

မေးခွန်း

237
လွန်ခဲ့သော ၃ နှစ် က · သင်္ဃန်းကျွန်း

ညီမကကျောင်းသူပါရှင့်။ ညီမတို့အဖွဲ့ရဲ့ group presentation လေးတစ်ခုအတွက်လိုအပ်တဲ့ information လေးတွေမေးချင်လို့ပါရှင့် ။ ညီမတို့အဖွဲ့ presentation လုပ်ရမဲ့ခေါင်းစဉ်က "အင်းလေရေပေါ်ခရမ်းချဉ်စိုက်ပျိုးခြင်းလုပ်ငန်း"အကြောင်းပါ။ ညီမတို့internetကနေရှာကြည့်ပီးညီမတို့လိုချင်တဲ့အချက်အတော်များကိုရခဲ့ပါတယ်။ ဒါပေမဲ့ညီမတို့နားမလည်တဲ့အပိုင်းကတော့ရေပေါ်ခရမ်းချဉ်စိုက်ပျိုးနည်းအဆင့်ဆင့်ပါ။ စာအရဖတ်ထားပေမဲ့သေချာတဲ့အချက်အလက်တွေမရထားပါဘူး။ အဲ့တာကြောင့်မို့ အခုpostကိုဖတ်မိတဲ့သူထဲမှာရေပေါ်ခရမ်းချဉ်စိုက်ပျိုးနည်းအဆင့်ဆင့်အကြောင်း နားလည်တတ်ကျွမ်းတဲ့‌စိုက်ပျိုးတောင်သူဦးကြီးများရှိပါကညီမတို့ကိုကူညီဖြေကြားပေးပါအံုးနော် ညီမတို့သိချင်တာလေးတွေက- 1.ရေပေါ်ခရမ်းချဉ်စိုက်ဖို့မြေအတုလုပ်နည်း 2.ကျွန်းမျောအကြောင်း 3.စိုက်ပျိုးတဲ့မြေဧက 4.စိုက်ပျိုးပံုစိုက်ပျိုူနည်း(ဉပမာ ကျွန်းမျော၁ခုမှာ၁ပင်ကိုဘယ်လောက်စီခွာပီးဘယ်နှစ်ပင်လောက်စိုက်ပျိူးသလဲ) 5.မျိုးစေ့ကိုစပျိုးချိန်မှစပီးခူးဆွတ်ချိန်ထိစိုက်ပျိုးထိန်းသိမ်းရပံုအဆင့်ဆင့်) အဲ့တာလေးတွေအသေးစိတ်သိချင်လို့ပါရှင့် ကိုယ်တိုင်သွားရောက်ပီးလေ့လာချင်ပေမဲ့အားလံုးကကျောင်းသားကျောင်းသူတွေဘဲမို့ငွေကြေးအရအဆင်‌မပြေလို့ပါ။ ကူညီပေးကြပါဦးနော်။

ခရမ်းချဉ်စိုက်ပျိုးနည်း ခရမ်းချဉ်ခင်းမြေပြင်ခြင်း
အတည်ပြုပြီး 1,098,684 လွန်ခဲ့သော ၃ နှစ် က

၉။ မြပြေုပြင်နည်း မြေအခြေအနေပေါ်မူတည်၍ ထယ် ၂ စပ်မှ ၄ စပ်ထိုးပြီး ထွန်ရေးညက်သည် အထိ ၁၆ သွား ထွန်ဝင် ပေးရန်လိုအပ်ပါသည်။ ခရမ်းချဉ်အမြစ်သည် တည့်မတ်စွာ မြေအနက် ၃ ပေခန့်အထိ ဆင်းနိုင်သည်အတွက် ထယ်ရေးနက်ရန်လိုအပ်သည်။ မိုးများဒေသတွင် ရေမဝပ် စေရန်ရေနှုတ်မြောင်းလုပပ်ပေးရသည်။ ထွန်းရေးညက်လျှင် ကြမ်းတုံးရိုက်၍ တစ်တန်းနှင့် တစ်တန်း ၃ပေ၊ တစ်ပင်နှင့်တစ်ပင် ၂ ပေးခြား စိုက်ပျိုးရပါသည်။ ၁၀။ စိုက်ပျိုးနည်း ပျိုးသက် ၃၀ မှ ၃၅ ရက်သား (သို့) ပျိုးပင် ရွက်မှန်အဆင့် ၆-၈ ရွက်တွင် စိုက်ခင်း သို့ရွှေ့ပြောင်းစိုက်ပျိုးသည်။ မွန်းလွဲပိုင်းနေပူရှိန် စတင်ကျဆင်းချိန်တွင် ကြိုတင်ရေလောင်း ထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုးတူရွင်းဖြင့် အမြစ်မထိခိုက်စေရန်၊ တူယူ ပြီးအမြစ်ကို ပြောင်စေအောင် ရေဆေးရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန် လိုပါသည်။ ၁၁။ အပင်ပြုစုနည်း ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ ရက်ခန့်အကြာ အပင်လှန်ချိန်တွင် ပထမ အကြိမ်ခါးခွ မြေတောင်မြှောက်ပေး၍ မြသြေဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုး သော မျိုးပေါ်မူတည်၍ တိုင်ထောင်ပျိုး ဆိုပါကလိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်ထောင် တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုစုရမည်။ ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာသော ပန်းခိုင်အောက်ရှိ အရွက်ကြား မှပြူထွက်လာသော ဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိ ဘေးတက်အားလုံးကို ဖဲ့ချွေပေးရန် လိုအပ်ပါသည်။စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီး ဈေးကွက်အခြေအနေအရ လည်းကောင်း၊ မျိုးစေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရလည်းကောင်း၊ အပင်ပုံသွင်းပြုစု နည်းကို ၃ မျိုးခွဲခြားဆောင်ရွက်နိုင်သည်။ (က) ပင်စည် ၃ ကိုင်းထားရှိခြင်း တစ်ပင်နှင့်တစ်ပင် ၂ ပခြေား၊ စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး ၁၅ ရက်သားတွင် မူလပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှ ကပ်လျက် ဘေးတက်အား ဒုတိ်ယပင်စည် (သီးကိုင်း) အဖြစ် မွေးမြူရပါမည်။ ၄င်းအောက်ရှိ ဘေးတက်များအား ဖဲ့ချွေပစ်ရပါသည်။ ပထမပင်စည်မှ ဖူးပွင့်လာသော ဒုတိယ ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသော ဘေးတက်နှင့် ဒုတိယပင်စည် (သီးကိုငး်)မှထွက်လာသော ပထမပန်ခိုင် အောက်မှ ထက်လျက်တည်ရှိသည့်အရွက်ကြား မှထွက်လာသော ဘေးတက် (၂) ခုအား သန်စွမ်းကြီး ထွားမှု နှိုင်းယှဉ် လေ့လာကာ ပိုမို သန်စွမ်းသည့် ဘေးတက်ကို တတိယပင်စည် (သီးကိုင်း) အဖြစ် ဆက်လက်မွေးမြူချန်လှပ် ထားရှိပါသည်။ (ခ) ပင်စည် ၂ ကိုင်းထားရှိခြင်းအထက်ဖော်ပြပါ ပင်စည် ၃ ကိုင်းထားရှိသည့် အပင်ပုံသွင်းပြုစုနည်း စနစ်အတိုင်း ဆောင်ရွက်၍ ဒုတိယပင်စည် (သီးကိုင်း) ရရှိပြီးချိန်တွင် ပင်စည် ၂ ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာသမျှသော ဘေးတက်များအားလုံး ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်းဖြတ်ပုံသွင်း နည်းစနစ်သည် သီးနှံဈေးနှုန်း အေးချိန် ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲစိုက်ပျိုးနည်းစနစ်ဖြစ်ပါသည်။ (ဂ) ပင်စည်ထီးထီးထားရှိခြင်းခရမ်းချဉ်ပျိုးပင်အား စိုက်ကွက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်မှ ထွက်ပြူလာသော ဘေးတက်များအားလုံး ဖဲ့ချွေပစ်၍ ပင်စည်သီးကိုင်း တစ်ခုတည်းထားရှိ စိုက်ပျိုးသော စနစ်ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်းအကွာဝေးကို ၂-၃ ပေအထိ စိုက်ပျိုးနိုင်သည့် အတွက်တစ်ဧတွင်မှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစားကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစို ပြေတောက်ပခြင်း၊ စသည့်အကျိုးများရရှိနိုင်ပါသည်။ ၁၂။ ရေသွင်းနည်း စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေးလောင်းစနစ်၊ ရဖြေန်းစနစ်၊ အစက်ချစနစ်တို့ကို ဆောင်ရွက်ခြင်ဖြင့် အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။မြောင်းဖြင့်ရေပေးသွင်းစိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်ပင်များ ရွှေ့ပြောင်းစိုက်ပျိုးခြင်း မပြုမီ ရေးသွင်းမြောင်းမ နှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင်ပြုပြင်ထားရပါမည်။မိုးရာသီစိုက်ပျိုးပါက ဘောင်ပေါ်စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများ ကောင်းစွာပြု လုပ်ထားပြီး အခြေအနေပေးပါက ပလပ်စတစ်ဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ၁၃။ ပိုးမွှားရောဂါကာကွယ်ခြင်း ခရမ်းချဉ်ပျိုးခင်းတွင် အပင်ပေါက်ပြီး ၁၅ ရက်သား တစ်ကြိမ်မရွှေ့ပြောင်းမီ ၂ ရက်ခန့်အလိုတွင် ၁ ကြိမ် ပင်လုံးပြန့် သတ္တိရှိပြီး ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ် ပေးရန်လိုအပ်ပါသည်။ ၄င်းအချိန်တွင် မှိုသတ် ဆေးများဖြစ်သည့် ဒါကိုနေး၊ တော့(ပ်)ဆင (၂၀ဝ ဂရမ်/ရေ ၄ လီတာ) နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ် ပတ်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ ကျရောက်တပ်သဖြင့် အထက်ပါမှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာ ကွယ်နိုင်ပါသည်။စိုက်ခင်းတွင် အဓိကကျရောက်သော ပိုးများမှာ လှေပိုးနှင့် သီးလုံးဖောက်ပိုးများ ကျရောက်တပ်ပါသည်။ အဓိကကျရောက်သည့် ရောဂါမှာ လောင်မည်းရောဂါနှင့် ခါးရိတို့ဖြစ် ပြီး မှိုရောဂါများနှင့် ပိုးမွှားများကို သဘာဝပိုသတ်ဆေး၊ မှိုသတ်ဆေးများအသုံးပြုခြင်း ပိုမွှား မလာအောင် ကာကွယ်ပေးခြင်း ပဲများဖြင့် ရောစိုက်ခြင်းတို့ ဖြင့်လည်း ကာကွယ်နိုင်ပါသည်။ ၁၄။ ရိတ်သိမ်းခြင်းချစ်တီးပန်းခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင့်မှည့်ချိန်အထိ သင့်တော်မည့် အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီး အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတဆင့် အဖြူရောင် များလာ ချိန်နတွင်ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီ့း လမ်းခရီးတွင် အဖျက်အစီး အဆုံးရှုံးသက်သာမည်ဖြစ်ပါသည်။ ဒေသဝန်းကျင် ဈေးတွင်သာ ပို့ဆောင်ရောင်းချမည့် ဆိုပါက အပင်ပေါ်တွင်ကောင်းစွာ ရင့်မှည့်သည့် အထိထားရန်လို အပ်ပါသည်။ စနစ်တကျစိုက်ပျိုးပါက ကုန်မြေတွင်း အထွက်နှုန်း ၅၀ဝဝ-၈၀ဝဝ ပိဿါ/ တစ်ဧက ထွက်နိုင်ပြီး အင်းလေးဒေသတွင် တစ်ဧကလျှင် ပိဿါချိန် ၁၀ဝဝဝ ထွက်ရှိ နိုင်ပါသည်

အတည်ပြုပြီး 1,098,684 လွန်ခဲ့သော ၃ နှစ် က
237 လွန်ခဲ့သော ၃ နှစ် က

ကျွန်းမျောအကြောင်းတော့နားလည်ပါပီ ။ အခုလိုအချိန်ပေးဖြေပေးလို့ဦးလေးကိုကျေးဇူးအများကြီးတင်ပါတယ်။ အခြားအချက်လေးတွေလည်းရှင်းပြပေးဖို့ အချိန်ရရင် ရှင်းပြပေးပါဦးနော်

အတည်ပြုပြီး 1,098,684 လွန်ခဲ့သော ၃ နှစ် က

အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၂၉ဝဝ ကျော်မြင့်ပြီး ရှမ်းပြည်နယ်ညောင်ရွှေချိုင့်ဝှမ်းတွင် တောင်နှင့်မြောက်တန်းလျက် တည်ရှိသည်။ ယခင်က ဤအင်းကြီးသည် ၃၆ မိုင်ခန့်ရှည်၍ ၈ မိုင်ကျယ်ခဲ့ဖူးသော်လည်း ယနေ့တွင်မူ ၁၂ မိုင်ခန့်သာရှည်၍ ၄ မိုင်ခန့်သာ ကျယ်တော့ကြောင်း သိရှိရသည်။

အတည်ပြုပြီး 1,098,684 လွန်ခဲ့သော ၃ နှစ် က

နောက်ဆုံးရ သတင်း အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်း ထုတ်ဝေမည် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှား ၑရာဝတီမြစ်ရေ ရေနည်းမည့်အခြေအနေ အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၂)   English မြန်မာ Search   MAIN MENU မူလစာမျက်နှာ သတင်းများ  နိုင်ငံရေး  စီးပွားရေး ⬤ LIVE VIDEO ON DEMAND ရုပ်သံသတင်း အနုပညာရပ်ဝန်း စကားဝိုင်း အတွေးအမြင်  တိုင်းရင်းသား ရေးရာ မိန့်ခွန်းများ သတင်းစာများ Breadcrumb Home  /  အင်းလေးအကြောင်း သိကောင်းစရာ  Dec 8,2018 |05:06 | အင်းလေးအကြောင်း သိကောင်းစရာ  ၈   ဒီဇင်ဘာ    မြန်မာနိုင်ငံသည် သဘာဝတောတောင်၊ စမ်းချောင်းအင်းအိုင်၊ ရှေးဟောင်းအမွေအနှစ်၊ တန်ခိုးကြီးဘုရားများနှင့် အရောင်အသွေးစုံလင်စွာဖြင့် ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ ထိုအလှထဲတွင် အင်းလေးသည် ရှမ်းပြည်အလှသာမက မြန်မာနိုင်ငံ၏ အလှကိုပါ ထင်ဟပ်စေနိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။   အင်းလေးအစ ရွာလေးရွာကအင်းလေးဟူသော ဝေါဟာရ၊ အင်းလေးဟူသော အခေါ်အဝေါ်၊ အင်းလေးဟူသော အမည်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ယူဆချက်၊ ကြံဆချက်၊ ထင်မြင်ချက်အမျိုးမျိုး ရှိနေကြသည်။ အချို့သောသူများက “အင်းလေး” ဟူ၍ အမည်နာမဖြစ်ပေါ်လာရခြင်းမှာ အင်းလေးဒေသတွင်ရှိသော ကန်လေးကန်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း၊ အချို့က ရှမ်းပြည်နယ်တွင်ရှိသော အင်းလေးကန်မှာ ကချင်ပြည်နယ်အတွင်းရှိသော အင်းတော်ကြီးကန်ထက် ငယ်သောကြောင့် အင်းကလေးဟုခေါ်ရာမှ အင်းလေး ဖြစ်လာသည် ဟူ၍လည်းကောင်း၊ အချို့က အင်းလေးရွာအမည်တွင်ခဲ့ရာမှ “ရွာ” စာလုံးဖြုတ်ခေါ်ကြသောကြောင့် အင်းလေး ဖြစ်လာသည်ဟူ၍လည်းကောင်း၊ အချို့က ထားဝယ်အဆက်အနွှယ် အိမ်ထောင်စုတို့က စတင်တည်ခဲ့ရာမှအင်းလေးရွာ အင်းလေးအမည်ဖြစ်ပေါ်လာသည် ဟူ၍လည်းကောင်း အမျိုးမျိုးသော ထင်မြင်ယူဆချက်များကို ကြားခဲ့ရလေသည်။   ဦးပုည၏ ညောင်ရွှေမြို့ပေး မေတ္တာစာတွင် အင်းလေးအမည်ကို ညောင်ရွှေနှင့်တွဲ၍ ဖော်ပြခဲ့သဖြင့် “ညောင်ရွှေအင်း”ဟု လူသိများခဲ့သည်။သို့သော် ထိုထက်ရှေးကျသော သမိုင်းမှတ်တမ်းအချို့တွင် အင်းဒေသကို “အင်း ၄ ရွာ” ဟု ဖော်ပြရေးသားကြသည့် အထောက်အထားများ တွေ့ရလေသည်။   မြန်မာသက္ကရာဇ်  ၉၉၉ ခုနှစ် သာလွန်မင်းတရားကြီးလက်ထက် ထုတ်ပြန်ခဲ့သော အမိန့်တော်နှင့် စစ်ချက်စာတမ်းတစ်ခု၌ ရွှေ၊ ငွေ၊ သစ္စေးအခွန်တော်ကြေးပေးဆက်ရသည့် နယ်များစာရင်းတွင် အင်းဒေသအမည်ကို “အင်းလေးရွာ”ဟု (အညွှန်း၌ ၄ ဂဏန်း)ဖြင့် အတိအကျဖော်ပြထားပါသည်။   တစ်ဖန် မြန်မာသက္ကရာဇ် ၁၁၆၄ ခုနှစ် အင်းလေးစစ်တမ်းပုရပိုက်တွင် “အင်းလေးရွာ ငွေခွန်မှူး ငစံတင်အုပ်ချုပ်စီရင်ရသည်” ဟူသော ရေးသားဖော်ပြထားခြင်းမျိုး တွေ့ရပြန်သည်။ ဤအထောက်အထားများသည် အင်းလေးအမည် ရွာကြီးလေးရွာတည်ခဲ့သည့် အချိန်မှစ၍ သမိုင်းတွင် ထင်ရှားလာခဲ့သည်ဟူသော ယူဆချက်နှင့် များစွာနီးစပ်လေသည်။ တစ်နည်းအားဖြင့် ယင်းရွာကြီးလေးရွာကို အကြောင်းပြု၍ အင်းလေးဖြစ်ပေါ်လာသည်ဆိုသော အယူအဆကို ထောက်ခံနေသယောင်ရှိသည်ဟု ကောက်ယူရနိုင်လေသည်။ အင်းလေးရွာ စတင်တည်ခဲ့သော ခုနှစ်မှာ ခုနှစ်သက္ကရာဇ်ကိုးကားကိုမူ ယခုတိုင် မတွေ့မိသေးပေ။   ဖောင်တော်ဦးသမိုင်းသက္ကရာဇ် ၇၁၂ ခုနှစ်တွင် ညောင်ရွှေမြို့ကို စတင်တည်ထောင်ခဲ့သော စော်ဘွားကြီး စီဆိုင်ဘွားလက်ထက်က ဖြစ်သည်။ အင်းလေးကန် အနောက်ဘက်တောင်တန်း ဖောင်တော်ပေါက်တောင်ခြေရင်း သန်းတောင်အရပ်တစ်နေရာတွင် တစ်နေ့ သန်းတောင်နယ်သားတို့ ချုံနွယ်များအတွင်းမှ ဓာတ်တော်များ ကွန့်မြူးနေသည်ကိုတွေ့ရ၍ စော်ဘွားကြီးအား လျှောက်တင်ကြလေသည်။ စော်ဘွားကြီးနှင့်အတူ ချုံနွယ်များအကြား လိုဏ်ဂူတစ်ခုအတွင်းမှ ရုပ်ပွားတော်ငါးဆူကို ဖူးတွေ့ကြရလေသည်။   ထို့နောက် စော်ဘွားကြီးသည် ရုပ်ပွားတော်ငါးဆူကို ဟော်နန်းဦး၌ ထားရှိကိုးကွယ်ပြီး နှစ်စဉ်သီတင်းကျွတ်လဆန်း ၇ ရက်ရောက်တိုင်း ဟော်နန်းအရှေ့ဘက်၌ ယာယီစံကျောင်းပြုလုပ်၍ အများပြည်သူအား ဖူးမြော်စေခဲ့သည်။ ရုပ်ပွားတော်များ ဟော်နန်းဦးမှ ယာယီစံကျောင်းမဏ္ဍပ်သို့ နှစ်စဉ်ကြွချီဆင်းသက်တော်မူခြင်းကို အစွဲပြု၍ ရှမ်းဘာသာဖြင့် “စဝ်ဖရားလုံးမိုင်းကွန်း” မြန်မာလို လူ့ပြည်သို့ ကြွဆင်းလာသည့် မြတ်စွာဘုရားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။   သက္ကရာဇ် ၉၇၇ ခုနှစ် ညောင်ရွှေစော်ဘွားဆက်နန်းဖဲကသော်အမည်ရှိ အမျိုးသမီးစော်ဘွားလက်ထက်တွင် စစ်မက်အန္တရာယ်များကြောင့် ရုပ်ပွားတော်များကို ဟော်နန်းမှအင်းလေးကန် အင်းတိမ်ဆော်မရွာ စံကျောင်းသို့ ပြောင်းရွှေ့ပင့်ဆောင်ကာ အသည်တော်(ဂေါပက) လူကြီးများထားရှိ၍ ထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံထားခဲ့သည်။ ထိုဂေါပကလူကြီးများက နှစ်စဉ် သီတင်းကျွတ်လဆန်း ၇ရက် ရောက်တိုင်း ရုပ်ပွားတော်များကို ညောင်ရွှေအရောက် ပင့်ဆောင်ပို့ပေးကြရလေသည်။   နောက်ကာလတွင် အင်းတိမ်ဆော်မရွာစံကျောင်းမှ ဗန်းပုံရွာကြီး ယင်းမှတစ်ဆင့်သာလေးတိုက် နမ့်ဟူးရွာ ယခုစံကျောင်းသို့ ပင့်ဆောင်ရွှေ့ပြောင်းခဲ့ကြသည်။ ဘုရားငါးဆူရုပ်ပွားတော်များ၏ ဒါယကာရင်းမှာ ပုဂံမင်းဆက် အလောင်းစည်သူမင်းကြီးဖြစ်သည်ဟု ဆိုလေသည်။   ကျွန်းဦးသပြေပင်ရှိရာ ပင်လယ်သမုဒ္ဒရာအတွင်းသို့ မင်းကြီးဖောင်စကြာဖြင့်လှည့်လည်သည့်အခါ ဇမ္ဗူဒိပ်ကျွန်း၊ သီဟိုဠ်ကျွန်းနှင့် မလယခေါ် မလ္လာယုကျွန်းများသို့ ရောက်ခဲ့သည်။ မလ္လာယုကွန်းမှ ဒက္ခိဏသာခါမဟာဗောဓိသားနှင့် သရက္ခန်နံ့သာနှစ်အသားများကို မင်းကြီးအား သိကြားမင်းက ဆက်လေသည်။ ထိုအခါ မင်းကြီးသည် မြတ်စွာဘုရား ရုပ်ပွားတော်ထုလုပ်စေပြီးလျှင် စကြာဖောင်တော်ဦး၌ တည်ထားပူဇော်ကာပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့လေသည်။      ထို့နောက် မင်းကြီးသည် ပုဂံနေပြည်တော်မှ အရှေ့ဘက်သို့ ဖောင်တော်စကြာဖြင့်တိုင်းခန်းလှည့်လည်တော်မူပြန်ရာ အင်းလေးကန်အနောက်ဘက် ဖောင်တော်ပေါက်တောင်ခြေရင်း သန်းတောင်အရပ်သို့ ရောက်ခဲ့လေသည်။ ထိုအရပ်တွင် စေတီတော်တစ်ဆူတည်ပြီးလျှင် ဖောင်တော်ဦးတွင် ကိုးကွယ်ထားသော ရုပ်ပွားတော်များထဲမှ ငါးဆူသောရုပ်ပွားတော်များကို ယင်းစေတီလိုဏ်ဂူအတွင်းသို့ သွင်းနှံဌာပနာတော်မူခဲ့လေသည်။   အင်းလေးသန်းတောင်အရပ် စေတီလိုဏ်ဂူအတွင်းမှ စော်ဘွားကြီးစီဆိုင်ဘွားပင့်ဆောင်ကာ ကိုးကွယ်ခဲ့သော ရုပ်ပွားတော်ငါးဆူမှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ်က တည်ထားခဲ့သောဘုရားငါးဆူပင် ဖြစ်တန်ရာသည်။ ယင်းကိုအကြောင်းပြုလျက် ရှေးအခါမှစ၍ ယခုတိုင် “ဖောင်တော်ဦးဘုရားရုပ်ပွားတော်များ” ဟုခေါ်ဝေါ်နေကြခြင်းဖြစ်သည်။   ရုပ်ပွားတော်ငါးဆူအနက် သုံးဆူသာလျှင်ဘုရားရုပ်ပွားတော်များဖြစ်၍ ကျန်နှစ်ဆူမှာရဟန္တာရုပ်တုတော်များဖြစ်သည်ဟု ရှေးသူဟောင်းတို့ ပြောစမှတ်ရှိခဲ့ကြသည်။ နှစ်စဉ်တော်သလင်းလပြည့်ကျော် ၁၅ ရက်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များသည် ဖောင်တော်ဦးစံကျောင်းတော်မှ အင်းရွာစဉ် ရွာကျောင်းတစ်လျှောက် လှည့်လည်၍ ဒေသစာရြွီကချီ အပူဇော်ခံတော်မူသည်။   ဘုရားရုပ်ပွားတော်များကို ကရဝိက်ဖြင့်ပင့်ဆောင်၍ ဖောင်တော်ကို အင်းသားတို့ကခြေထောက်ဖြင့် လှော်ခတ်ကြသော အင်းဆွဲလှေကြီးများဖြင့် စုပေါင်းလှော်ခတ်ပူဇော်ကြလေသည်။ ဖောင်တော်ဦးဘုရား နမ့်ဟူးရွာစံကျောင်းတော်သို့ ပြန်ကြွရောက်သောနေ့တွင် ပွဲလမ်းသဘင်အမျိုးမျိုး ကျင်းပကြသည်။   ယင်းအနက် ရွာအလိုက်ယှဉ်ပြိုင်လေ့ရှိကြသော ခြေထောက်ဖြင့် လှော်ခတ်ပြိုင်ရသည့်အင်းလှေပြိုင်ပွဲသည် ပျော်စရာနှင့် တက်ကြွဖွယ်ရာ အကောင်းဆုံးဖြစ်လေသည်။ခြေထောက်ဖြင့် လှေလှော်သည့်ဓလေ့သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ နာမည်ကျော်ကြားပြီး စိတ်ဝင်စားစရာကောင်းသည့် ဓလေ့တစ်ခုလည်း ဖြစ်သည်။   ရေခြံကျွန်းမျောလုပ်ငန်း   ယခင်က အင်းသားတို့သည် ရေခြံကျွန်းမျောလုပ်ငန်းကို တစ်နှစ်ပတ်လုံးလုပ်ကိုင်ခဲ့ခြင်းမရှိပေ။ ကျွန်းမျောပေါ်၌ စိုက်ပျိုးချိန်ပြီးလျှင် တံငါ(ရေ)လုပ်ငန်းဘက်သို့ လှည့်ကြလေသည်။ ထို့ကြောင့် ရှေးက တံငါခြောက်လခြံခြောက်လဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ယခုအင်းရေခြံလုပ်သူအများစုသည် ရေခြံကျွန်းမျော လုပ်ငန်းပေါ်တွင် အားသွန်ခွန်စိုက်ပြု၍ သီးနှံမျိုးစုံစိုက်ပျိုးနေကြလေသည်။ အင်းလေးတွင် ရေခြံကျွန်းမျောလုပ်ငန်းကြောင့် အင်းလူနေမှုအဆင့်အတန်း မြင့်မားလာနေကြောင်း ပြောရမည့် အခြေအနေမျိုးမြင်တွေ့ခဲ့ရသည်။ ရေခြံလုပ်ငန်းကို အင်းလေး ကန်ရေပြင်တွင် ဖြစ်ပေါ်လျက်ရှိနေကြသော ကျွန်းမျောများ၌ စိုက်ပျိုးလုပ်ကိုင်ကြခြင်း ဖြစ်သည်။   ကျွန်းမျောကို အင်းသားတို့က ဒေသသုံးအင်းစကားသံဖြင့်  “ကျွန်းမှော်ဖုတ်” ဟုပြောလေ့ရှိကြသည်။ ထိုကျွန်းမျောသည် အင်းလေးကန်အစပ်ရှိ မြက်ပင်ကြီးငယ်များနှင့် ကိုင်းပင်များ ပူးပေါင်းယှက်နွှယ်ပေါက်ပွားလာကြရာမှ ဖြစ်ပေါ်လာသည်ဟု ယေဘုယျဆိုနိုင်သည်။ သို့သော် အင်းရေပြင်ပေါ်တွင် ကျွန်းမျောတစ်ခုဖြစ်ပေါ်လာရန် အပင်ပေါင်း မြောက်မြားစွာ သန္ဓေတည်ပါဝင်ခဲ့ရသည်။   ကြည်လင်၍ စိမ်းပြာနေသော အင်းလေးကန်အတွင်းတွင် ရေအောက်၌ မှော်ပင်နှင့်ဒိုက်ပင်အမျိုးမျိုးပေါက်၍ ရေပေါ်တွင်မူ မြက်ပင်ငယ်အမျိုးမျိုးနှင့် ကိုင်းပင်နှင့် ဆင်တူသော တဖွတ်ပင်၊ တဖောင်းပင်၊ လက်ရှပင်၊ရှားလုံးပင်၊ ရှားပြားပင်၊ ပဲပြားပင်၊ ပိတ်ဆည်းပင်များနှင့်ကျပင် စသည့် မြက်မျိုးနွယ်အပင်ကြီးများ ပေါက်လျက်ရှိနေကြသည်။   အလားတူ တောဖျက်ဆီးပင်၊ ဇရစ်ရိုးပင်၊ငွေပန်းပင်နှင့် ပိန်းပင်များလည်း နေရာအနှံ့ပေါက်လေ့ရှိကြလေသည်။၎င်းတို့အထဲမှ အင်းရေပေါ်တွင်ပေါက်ရောက်ကြသော မြက်မျိုးနွယ်ဝင်အပင်ကြီးငယ်ဟူသမျှတို့သည် နှစ်ပေါင်းများစွာ ဟောင်းသေ၊ ပင်သစ်ထွက်သဘောဖြင့် စဉ်ဆက်မပြတ် ပေါက်ပွားရှင်သန်လာကြသောအခါရေအောက်နှင့်ရေပေါ်တွင် ယင်းအရွက်ဟောင်း၊အမြစ်ဟောင်းများ စုပေါင်းထူထပ်လာပြီးထုထည်ရှိသော အစိုင်အခဲကြီးတစ်ခုဖြစ်လာသည်။ ထိုအစိုင်အခဲကြီးများလည်း ရေပေါ်တွင် သဘာဝအလျောက် ရွေ့လျားနေရခြင်းနှင့်အသစ်အသစ်ရှင်သန်ပေါက်ပွားနေကြသော အကိုင်းအခက်တို့ ဆက်နွှယ်နေမှုကြောင့်ရေအောက်ရှိ မြေသားနှင့်မထိဘဲ ရေထဲတွင်မြုပ်တစ်ဝက်ပေါ်တစ်ဝက် ရွေ့လျားနေသောကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာကြလေသည်။   ထိုသို့ ကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာနေကြသော အစိုင်အခဲစုကို “ကျွန်းမျော” ဟုခေါ်ကြလေသည်။ ဤအင်းလေးကန်အတွင်းက ရေခြံလုပ်ငန်းတစ်ခုဖြစ်သော ကျွန်းမျောများပေါ်တွင် အင်းသူအင်းသားတို့ လုံ့လဝီရိယနှင့် လူအင်အားကို အသုံးချပြီး ၁၂ ရာသီကာလပတ်လုံး လုပ်ကိုင်ကြသည်။ ကျွန်းမျောပေါ်တွင်ခရမ်းချဉ်သီးအစ ဂန္ဓမာပန်းအဆုံး သီးနှံပန်းမန်မျိုးစုံမှန်သမျှသည် ရာသီမရွေးထွက်ရှိခြင်း၊ ရာသီမရွေးစားသုံးရန် စိမ်းစိုလတ်ဆတ်ခြင်းတို့ကြောင့် အင်းလေး၏ ရေခြံကျွန်းမျောလုပ်ငန်းသည် ထူးခြားသော စိုက်ပျိုးမှုပုံစံနှင့် လှပသော ဓလေ့များကိုပိုင်ဆိုင်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။    ကိုးကားချက် ဒါရိုက်တာမြင့်မောင်၊ အင်းလေး          Privacy Policy Contact us  01-558501, 558498 [email protected] 6th Floor Shwe Gone Plaza, No64, Ko Min Ko Chin Road,Bahan Tsp, Ygn, Myanmar Privacy Policy | © Copyright © 2018 Myanmar Digital News. All rights reserved

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။