အစိမ်းရောင်လမ်း
အသံနဲ့ပွင့်လန်းစေမယ် Sonic Bloom

အသံနဲ့ပွင့်လန်းစေမယ် Sonic Bloom

Dan Carlson ဆိုသူက သူ့ရဲ့လယ်ယာစိုက်ခင်းကို သာယာနာပျော်ဖွယ်ကောင်းတဲ့ ငှက်ကေလးတေးဆိုသံမျိုးစုံနဲ့၊ အပင်တွေစိတ်ရွှင်လန်းလာအောင်လုပ်တယ်လို့ဆိုတယ်။

ဒီလိုလုပ်တာကအပင်တွေမှာအားလုံးသိပြီးတဲ့အတိုင်း၊ သစ်ရွက်များရဲ့လေရှုပေါက်(Stoma)ကို လှုပ်ဆော်တယ်တဲ့၊ လေရှုပေါက်တွေ ပိုပြီးပွင့်လန်းလာစေတဲ့အတွက် အပင်တွေက အလင်းရောင်နဲ့အစာကို ပိုပြီးစုပ်ယူပါတယ်။ မနက်စောစော နေထွက်ကာစကို ငှက်တေးသံတွေနဲ့ အပင်ကို လှုံ့ဆော်အသံပေးနိုင်ပါတယ်တဲ့။ သူကပြောင်းဖူးပင်ရဲ့ကြီးထွား မှုနှုန်းကိုမှတ်တမ်းတင်ထားတာပါ။

အသံပေးတဲ့နည်းပညာကအဆုံးအစမရှိပါဘူးတဲ့၊ Carlson ငှက်အသံကိုပေးပြီးတော့မှ၊ ပင်လယ်ရေညှိအပြင် သတ္တုဆားများ ပါဝင်တဲ့သူ့ရဲ့မြေသြသဇာဖျော်ရည်နဲ့ အပင်တွေအ ပေါ်ဖျန်းပေးလိုက်တဲ့အခါမှာ အပင်တွေအတွေက  အရွက်လေပေါက်မှ တစ်ဆင့် အာဟာရဓာတ်တွေကို (၇၀၀)ရာခိုင်နှုန်း အထိပိုမိုစုပ်ယူနိုင်တယ်လို့ပြောပါတယ်။ အသံပေးပြီး အရွက်ဖျန်းထားတာနဲ့ အသံမပေးဘဲ အရွက်ဖျန်းထားတာရဲ့ကြီးထွားဖွံ့ဖြိုးမှုကို တွေ့မြင်ရမှာပါ။

မိမိတို့စိုက်ပျိုးသူများကလည်း မနက်စောစောငှက်အသံမပေးနိုင်ရင်တောင် သာယာနာပျော်ဖွယ် ဓမ္မတေးသံများနှင့် သစ်ရွက်တွေရဲ့ လေပါက်တွေပွင့်လန်းလာအောင် စမ်းသပ်ပြီးဆွဲဆောင်ကြည့်ပါနော်။


Source - အခြေခံ အော်ဂဲနစ် လယ်ယာ

Khin Sandar Myo

Khin Sandar Myo

လွန်ခဲ့သော ၂ နှစ် က

ကြားဖူးတယ် အဲ့လိုမျိုး ဆရာတယောက်ပြောဖူးတယ်

ko kyaw soe

ko kyaw soe

လွန်ခဲ့သော ၅ နှစ် က

အသံကို အချိန်ဘယ်လောက်ကြာကြာဖွင့်ပေးရမှာလဲ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

hi စိုက်ပျိုးရေးပညာရှင်ကြီးများရှင့် မန္တလေးတိုင်း နွားထိုးကြီးနယ်ဘက်မှာ စပျစ်စိုက်လို့အဆင်ပြေလောက်မလားသိချင်လို့‌ အကြောင်းရာနှင့်တကွ ဖြေပေးကြပါအုံးရှင့်

ဝင်းဝင်းအေး • ဖြေကြားချက် 2 ခု

ငါးအမိုင်နိုက ဖော်စပ်ထားပြီး ရေရှည်ထားရလား ခင်ဗျာ

တင့်ဆွေ • ဖြေကြားချက် 1 ခု

Mizuna

Ko Htoo • ဖြေကြားချက် 1 ခု

ဒီလိုခြင်ကာ ကဝတ်လေးတွေရောင်းတဲ့ဆိုင်များသိရင်ပြောကြပါဦးဗျ မိုးရာသီခြံထဲ ခြင်ကိုက်လွန်းလို့ပါ။🦟🦟🦟

soe htwe • ဖြေကြားချက် 0 ခု

ရာသီဉတုနှင့်ကိုင်ညီ‌‌ေသာတနိုင်တပိုင်စိုက်ပျိုးရေးလေးစချင်လို့ပါရှင့် မြေကွက်ကတော့အိမ်ဝိုင်းထဲမှာပါရှင့်

thida • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....